DVB Logo
Home
နိုင်ငံတကာ
သံမဏိတင်သွင်းမှုကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမည်ဟု ထရမ့်ပ် ပြော 
DVB
·
May 31, 2025
သံမဏိတင်သွင်းမှုကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမည်ဟု ထရမ့်ပ် ပြော 
Donate to DVB

အမေရိကန်က သံနဲ့ အလူမီနီယံ တင်သွင်းမှုတွေကို လာမယ့် ဗုဒ္ဓဟူးနေ့ကစပြီး ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။ 

“အမေရိကန်ကို တင်သွင်းတဲ့ သံမဏိ တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကနေ ၅၀  ရာခိုင်နှုန်းအထိ ကျနော်တို့ ယူပါမယ်။ ကျနော်တို့ ၂၅ ရာခိုင်နှုန်း တိုးသွားမှာပါ။ ဒါ က အမေရိကန်ရဲ့ သံလုပ်ငန်းကို ပိုပြီးလုံခြုံစေပါတယ်” လို့ ထရမ့်ပ်က ပင်ဆယ်ဗေးနီးယား လူထုတွေ့ဆုံ ပွဲမှာ ပြောပါတယ်။

ထရမ့်ပ်ဟာ သံမဏိတင်သွင်းမှုတွေကို ဖေဖော်ဝါရီလကတည်းက အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံခဲ့တာဖြစ်ပြီး ချွင်းချက်နဲ့ ကင်းလွတ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ 

အမေရိကန်ကို ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကို၊ တောင်ကိုရီးယားနဲ့ တခြားနိုင်ငံတွေက သံမဏိတန်ချိန် သန်းနဲ့ချီပြီး ရှိပါတယ်။ 

Nippon Steel နဲ့ US Steel တို့ရဲ့ ပူးပေါင်းမှုကို ထရမ့်ပ်က ချီးကျူးခဲ့ပါတယ်။ ထရမ့်ပ်ဟာ သမ္မရွေးကောက်ပွဲ မဲဆွယ်ချိန်ကတည်းက နှစ်ပေါင်း ၁၂၄ နှစ် သက်တမ်းရှိတဲ့ သံမဏိလုပ်ငန်းကို ပြည်ပနိုင်ငံတွေက ရယူမဲ့အရေးက ကာကွယ်မယ်လို့ပြောပြီး မဲဆွယ်ခဲ့ဖူးပါတယ်။ 

Nippon Steel ဟာ US Steel မှာ ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။ 

ဒီပူးပေါင်းမှုဟာ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အမေရိကန်- ဂျပန်ပူးပေါင်းဖို့ ကို အလုပ်သမား တွေက ဆန့်ကျင်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

ပင်ဆယ်ဗေးနီးယားပြည်နယ်ဟာ နိုင်ငံရေးအရ အရေးကြီးတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ US Steel ရဲ့ ရုံးချုပ်ဟာ ပင်ဆယ်ဗေးနီးယားမှာရှိပြီး တစ်ချိန်က စီပွားရေး အင်အားကောင်း ခဲ့ပါတယ်။ 

နောက်ပိုင်းမှာ နိုင်ငံတကာပြိုင်ဘက်တွေကြောင့် အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် ကမ္ဘာ့ သံမဏိအဖွဲ့အစည်းရဲ့ အချက်အလက်တွေမှာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သံမဏိ ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး တကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်တယ်လို့ ဖော်ပြ ထားပါတယ်။  

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013