DVB Logo
Home
နိုင်ငံတကာ
ရုရှား၏ ငြိမ်းချမ်းရေး အကြံပြုစာတမ်း မရရှိသေးဟု ယူကရိန်းသမ္မတ ပြော
DVB
·
May 30, 2025
ရုရှား၏ ငြိမ်းချမ်းရေး အကြံပြုစာတမ်း မရရှိသေးဟု ယူကရိန်းသမ္မတ ပြော
Donate to DVB

ကိယက်ဗ်ဟာ ပဋိပက္ခရပ်စဲမယ့်အချိန် အပါအဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ အသွင်အပြင် အနေအထားကို သတ်မှတ်ပြုစု ဖော်ပြထားတဲ့ ဘာသဘောတူညီမှု စာတမ်းကိုမှ လက်ခံရရှိထားတာ မရှိသေးဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၂၉ ရက်မှာ ပြောပါတယ်။

ယူကရိန်းနဲ့ သူ့မိတ်ဖက်တွေအပြင် ပထမဆုံးဆွေးနွေးပွဲကို လက်ခံပြုလုပ်ပေးခဲ့တဲ့ တူရကီတောင်မှ အစီအစဉ်သစ်ကို မရရှိထားပါဘူးလို့ ဇလန်းစကီးက ဆိုပါတယ်။

“ရုရှားက စစ်ကိုရှည်အောင် ဆွဲဆန့်နေပြီး မော်စကိုကို ဖိအားမပေးဘဲ စကားလုံးတွေနဲ့ပဲ လွှမ်းမိုးဖို့ ကြိုးစားတဲ့ နိုင်ငံတွေကို လှည့်စားဖို့ အားလုံးကို လုပ်နေတာဖြစ်ပြီး စကားလုံးတွေက ရုရှားနဲ့ အလုပ်မဖြစ်ဘူး။”

မေ ၁၉ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ စကားပြောဆိုပြီးနောက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့အတူ သဘောတူညီချက် စာတမ်းတစောင် ပူးပေါင်းရေးဆွဲဖို့ သဘောတူခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှား အဆိုပြုထားတဲ့ ဇွန် ၂ ရက် အစည်းအဝေးကို တရားဝင် သဘောတူထားခြင်း မရှိသေးပါဘူး။

ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ် အူမာရော့ဗ်က ကိယက်ဗ်ဟာ ဖြေရှင်းမှုအလားအလာရှိတဲ့ သဘောတူညီမှုအတွက် စာတမ်းကို တင်သွင်းထားပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး ရုရှားအနေနဲ့ လာမယ့်သီတင်းပတ်ထိ စောင့်မယ့်အစား အဲဒီဗားရှင်းကို ချက်ချင်းထုတ်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ သွေးထွက်သံယို အပြင်းထန်ဆုံး ပဋိပက္ခကို အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ဖိအားပေးမှုအောက်မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ အခုလအစောပိုင်းက အစ္စတန်ဘူလ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိယက်ဗ်နဲ့ သူ့အနောက်နိုင်ငံ မဟာမိတ်တွေ တွန်းအားပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေက မအောင်မြင်ခဲ့ပါဘူး။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရခင် တချို့အခြေအနေတွေကို ဖြည့်ဆည်းဖို့ လိုအပ်ကြောင်း မော်စကိုက ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013