DVB Logo
Home
အားကစား
တိုက်စစ်မှူး ယိုကရက်စ်ကို ခေါ်ယူရန် အာဆင်နယ်နှင့်အပြိုင် ချဲလ်ဆီးနှင့် ဂျူဗင်တပ် ကြိုးပမ်း
DVB
·
May 30, 2025
တိုက်စစ်မှူး ယိုကရက်စ်ကို ခေါ်ယူရန် အာဆင်နယ်နှင့်အပြိုင် ချဲလ်ဆီးနှင့် ဂျူဗင်တပ် ကြိုးပမ်း
Donate to DVB

ချဲလ်ဆီးနဲ့ ဂျူဗင်တပ်အသင်းတွေဟာ တိုက်စစ်မှူး ယိုကရက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့အပြိုင် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ၂ ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၉၇ ဂိုး သွင်းခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးကို အာဆင်နယ်က ဦးစွာ ချဉ်းကပ်ခဲ့ပေမဲ့ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။

စပို့တင်းဘက်က ပေါင် ၅၅ သန်းကနေ ပေါင်သန်း ၇၀ အတွင်း ရရှိမယ်ဆိုရင် ရောင်းထုတ်သွားမှာဖြစ်ပြီး ယိုကရက်စ် ကိုယ်တိုင်ကလည်း ဥရောပထိပ်တန်းအသင်းတသင်းဆီ ပြောင်းရွှေ့လိုနေပါတယ်။

ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒလတ်ပ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်လို နောက်ထပ် တိုက်စစ်မှူးခေါ်ယူဖို့ မသေချာတဲ့အခြေအနေမှာ အာဆင်နယ်နဲ့ ဂျူဗင်တပ်အသင်းတို့က အဓိက အပြိုင်ကမ်းလှမ်းသွားရဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013