DVB Logo
Home
အားကစား
ရာသီကြိုခြေစမ်းပွဲတွင် မောင်မောင်လွင်၏ သွင်းဂိုးကြောင့် မန်ယူအသင်း ရှုံးပွဲတွေ့ကြုံ
DVB
·
May 29, 2025
ရာသီကြိုခြေစမ်းပွဲတွင် မောင်မောင်လွင်၏ သွင်းဂိုးကြောင့် မန်ယူအသင်း ရှုံးပွဲတွေ့ကြုံ
Donate to DVB

မလေးရှားနိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲ လာရောက်ကစားတဲ့ မန်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ရဲ့ သွင်းဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရပါတယ်။

အာဆီယံအောစတားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မောင်မောင်လွင် မပါဝင်ခဲ့ပေမဲ့ ပွဲချိန် ၅၄ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ၁၇ မိနစ်အကြာ ပွဲချိန် ၇၁ မိနစ်မှာ မောင်မောင်လွင်က အနိုင်ဂိုးသွင်းခဲ့တာပါ။

သြစတြးလျကစားသမား ဆက်ဂျက်ဆစ်ရဲ့ ကွင်းလယ်ကနေ ပေးပို့လိုက်တဲ့ဘောလုံးကို မောင်မောင်လွင်က မန်ယူလူငယ်နောက်ခံလူ ဂေါ့ဝဲလ်ကူကွန်ကီကို ကျော်ဖြတ်ပြီး ဂိုးသမား တွန်ဟီတန်နဲ့ အတွေ့မှာ အပိုင်ကန်သွင်းသွားခဲ့တာပါ။

မောင်မောင်လွင်ရဲ့ အနိုင်ဂိုးဟာ နည်းပြအာမိုရင်နဲ့ မန်ယူအသင်းအတွက် ဖိအားပိုများသွားစေခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ရလဒ်မကောင်းဖြစ်ခဲ့ပြီးနောက် ရှုံးပွဲထပ်တွေ့ခဲ့ရတာပါ။

အသက် ၂၉ နှစ်ရှိ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်ကစတင်ပြီး လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ မြန်မာဘောလုံးသမိုင်းမှာ မန်ယူနိုက်တက်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013