DVB Logo
Home
နိုင်ငံတကာ
ကျောင်းသားဗီဇာအတွက် အင်တာဗျူးရက်ချိန်း မပေးတော့ဘဲ ထရမ့်ပ်အစိုးရ ဆိုင်းငံ့
DVB
·
May 28, 2025
ကျောင်းသားဗီဇာအတွက် အင်တာဗျူးရက်ချိန်း မပေးတော့ဘဲ ထရမ့်ပ်အစိုးရ ဆိုင်းငံ့
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ကျောင်းသားဗီဇာအတွက် အင်တာဗျူး ရက်ချိန်းပေးတာ ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့က သံရုံးအသီးသီးကို အမိန့်ထုတ်လိုက်ပါတယ်။

အခုလိုမျိုး ဗီဇာလျှောက်ထားလာသူတွေရဲ့ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေကိုပါ တိုးချဲ့စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

အဲဒီအမိန့်အရ သံတမန်ရေးရာဌာနတွေကို ပေးပို့ခဲ့တဲ့ စာတစောင်မှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက နောက်ထပ်ညွှန်ကြားချက် မထွက်လာမချင်း ရပ်ဆိုင်းထားမယ့်အကြောင်း အတည်ပြုပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံက အထင်ကရတက္ကသိုလ်တချို့နဲ့ ထရမ့်ပ်အစိုးရကြားမှာ ဆက်ဆံရေး တင်းမာနေတာကို မီးမောင်းထိုးပြနိုင်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တခုပါ။

အဲဒီတက္ကသိုလ်တွေက လက်ဝဲဘက်ယိမ်းလွန်းသလို ကျောင်းသားလက်ခံရာမှာလည်း ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကို ကျင့်သုံးနေတယ်ဆိုပြီး ထရမ့်ပ်က ရှုမြင်ထားပါတယ်။

ဒါ့အပြင် အမေရိကန်တက္ကသိုလ်တချို့ဟာ ပါလက်စတိုင်း ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ခွင့်ပြုပေးရာကနေ ဂျူး ဆန့်ကျင်ရေး အတိုင်းအတာအထိ ရောက်လာမှာကို အိမ်ဖြူတော်အနေနဲ့ စိုးရိမ်နေပါတယ်‌။

ကမ္ဘာတဝန်းက အမေရိကန်သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ထဲမှာတော့ ကျောင်းသားဗီဇာ လျှောက်ထားသူတွေအတွက် ရက်ချိန်းမပေးရသေးရင် ပယ်ဖျက်လိုက်ဖို့နဲ့ ရက်ချိန်းပေးပြီးရင်တော့ ရှေ့ဆက် လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်မှာ ပညာသင်ယူလိုတဲ့ ပြည်ပကျောင်းသားတွေဟာ ဗီဇာခွင့်ပြုချက်မရခင် သက်ဆိုင်ရာနိုင်ငံက သံရုံးတွေကိုသွားပြီး အင်တာဗျူးဝင်ရလေ့ ရှိပါတယ်။

အဲဒီ ပြည်ပကျောင်းသားတွေက ပညာသင်စရိတ် ကျောင်းလခကို ပိုပြီးပေးရလေ့ရှိတဲ့အလျောက် အမေရိကန်ပညာရေး အဖွဲ့အစည်း အများအပြားရဲ့ ဘဏ္ဍာရေးအတွက် အရေးပါနေ​ပါတယ်။

ထရမ့်ပ်အစိုးရအဖွဲ့က တက္ကသိုလ်တွေအတွက် ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ ရန်ပုံငွေတွေ ဆိုင်းငံ့ထားပြီး ကျောင်းသားတွေကို နေရပ်ပြန်ခိုင်းမယ့်အပြင် ထောင်နဲ့ချီတဲ့ ဗီဇာတွေပါ ဖျက်သိမ်းဖို့ လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့လည်း သက်ဆိုင်ရာတရားရုံးတွေက ထရမ့်ပ်ရဲ့ ဆုံးချက်ဖြတ်တွေကို ယာယီတားဆီးပေးထားသလို သူ့အစိုးရဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

အထူးသဖြင့် အမေရိကန်ရဲ့ ရှေးအကျဆုံး ဟားဗတ်တက္ကသိုလ်ဟာ သမ္မတထရမ့်ပ်နဲ့ ထိပ်တိုက်တွေ့ရာမှာ အဓိကပစ်မှတ်ထားစရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဟားဗတ်တက္ကသိုလ်အတွက် ဖက်ဒရယ်ထောက်ပံ့ကြေး ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံကို အစိုးရက ဆိုင်းငံ့ခဲ့ပြီးဖြစ်တဲ့အပြင် ကျန်ရှိနေသေးတဲ့ ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ပေါင်း ၃၀ အတွက်ပါ  ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013