DVB Logo
Home
အားကစား
ဘယ်အသင်းဆီပြောင်းရွှေ့မလဲ အစ်ဆွစ်တိုက်စစ်မှူးဒလက်ပ် ဆုံးဖြတ်မည်
DVB
·
May 28, 2025
ဘယ်အသင်းဆီပြောင်းရွှေ့မလဲ အစ်ဆွစ်တိုက်စစ်မှူးဒလက်ပ် ဆုံးဖြတ်မည်
Donate to DVB

အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒလက်ပ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ စဉ်းစားဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

မန်စီးတီးအကယ်ဒမီထွက်ကစားသမားလည်းဖြစ်၊ အင်္ဂလန် ယူ- ၂၁ တိုက်စစ်မှူးလည်းဖြစ်သူ ဒလက်ပ်ဟာ အစ်ဆွစ်အသင်းနဲ့အတူ တန်းဆင်းခဲ့ရပေမဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ တရားဝင်ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတာပါ။

ပေါင်သန်း ၃၀ လောက်သာ ကုန်ကျနိုင်မဲ့ ဒလက်ပ်ကို ခေါ်ယူဖို့ ချဲလ်ဆီး၊ မန်ယူ၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတွေက တရားဝင်ကမ်းလှမ်းထားပြီး ဘယ်အသင်းကို ရွေးချယ်မလဲဆိုတာ ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် ချမယ်လို့သိရပါတယ်။

ဒလက်ပ်ဟာ ချဲလ်ဆီးအပါအဝင် မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့လည်း အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် နောက်ဆုံးဆုံးဖြတ်ချက်ကို ရက်ပိုင်းအတွင်း မှာ စဉ်းစားဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013