
ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒလက်ပ်ကို ဆေးစစ်ပြီးနောက် စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးအတွက် ချဲလ်ဆီးအသင်းက စာချုပ်ပါလျော်ကြေးအဖြစ် ပေါင်သန်း ၃၀ ပေးချေပြီး ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဆေးစစ်မှုကို ဇွန် ၁ ရက်မှာ လုပ်ဆောင်သွားဖို့ အစီအစဉ်ဆွဲထားပြီး စာချုပ်ချုပ်ဆိုမှုကိုပါ တပါတည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။
မန်စီးတီးအကယ်ဒီထွက် တိုက်စစ်မှူး ဒလက်ပ်ဟာ မနှစ်က အစ်ဆွစ်နဲ့အတူတန်းဆင်းခဲ့ရပေမဲ့ ပွဲစဉ် ၃၇ ပွဲမှာ ၁၂ ဂိုးသွင်း ယူနိုင်ခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူး တဦး ဖြစ်လာနိုင်တယ်လို့ ချီးကျူးခံနေရသူ ဖြစ်ပါတယ်။