
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ပတ်သက်တဲ့ အိမ်တွေနဲ့ကားတစီးကို မီးရှို့တိုက်ခိုက်မှုမှာ ရုရှားက ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှသမ္မတနန်းတော် ကရင်မလင်က မေလ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဗြိတိန်မှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ကိစ္စတွေ အားလုံးရဲ့ နောက်မှာ ရုရှးအစိုးရ ရှိတယ်လို့ ဗြိတိန်အစိုးရက စွပ်စွဲနေတယ်လို့ ပြောလိုက်ပါတယ်။
ဒီစွဲချက်တွေဟာ မှားယွင်းပြီး အထောက်အထား မခိုင်လုံသလို ယေဘုယျအားဖြင့် အဓိပ္ပာယ် မရှိတာတွေပဲလို့ ရုရှသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Photo:Reuters