
လီဗာပူးအသင်းဟာ လီဗာကူဆင် ကွင်းလယ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟာ လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
လက်ရှိအချိန်မှာတော့ ပေါင်သန်း ၁၀၀ ကျော် ပေးချေရမယ့် ဝစ်ဇ်ကို ခေါ်ယူဖို့ လက်တွန့်လာခဲ့တာကြောင့် လီဗာပူးအသင်းက ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလာခဲ့တာပါ။
လီဗာပူး တာဝန်ရှိသူတွေဟာ လီဗာကူဆင်နဲ့ တရားဝင်ဆွေးနွေးနေပြီး ပြောင်းရွှေ့ကြေး အပါအဝင် တခြား အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းနေပါတယ်။
ဂျာမန်သတင်းတွေရဲ့ အဆိုအရ ကစားသမားဖြစ်သူ ကိုယ်တိုင်ကလည်း အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။