DVB Logo
Home
အားကစား
မန်ယူနည်းပြဟောင်း တန်ဟတ်ဂ်ကို လီဗာကူဆင်အသင်း ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ
DVB
·
May 27, 2025
မန်ယူနည်းပြဟောင်း တန်ဟတ်ဂ်ကို လီဗာကူဆင်အသင်း ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ
Donate to DVB

ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်အသင်းဟာ မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်ကို ၂ နှစ်စာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပါတယ်။

အသက် ၅၅ နှစ်ရှိ ဟော်လန်နည်းပြဟာ လွန်ခဲ့တဲ့ ၇ လက မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ရီးရဲလ်နည်းပြဖြစ်လာတဲ့ အလွန်ဆိုရဲ့နေရာကို ဆက်ခံခဲ့တာပါ။

လီဗာကူဆင်က ဂျာမနီမှာ အကောင်းဆုံးအသင်းတသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေစွမ်းတိုးတက်လာမှုတွေကို ဆက်လက်တိုးတက်လာအောင် အတူတကွ လုပ်ဆောင်သွားမယ်လို့  စာချုပ်ချုပ်ဆိုအပြီးမှာ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ အိုင်းယက်စ်အသင်းမှာ ဆုဖလား ၆ လုံးအထိ ရယူပေးနိုင်ခဲ့သလို မန်ယူအသင်းရဲ့ ခက်ခဲကျပ်တည်းတဲ့ ကာလမှာလည်း ဆုဖလားတလုံး ရယူပေးပြီး သူ့ရဲ့အဆင့်အတန်းကို သက်သေပြနိုင်ပြီးသား နည်းပြဖြစ်ကြောင်း လီဗာကူဆင် အားကစားဒါရိုက်တာ ဆိုင်မွန်က ချီးကျူးသွားပါတယ်။

ဟော်လန်နည်းပြဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်ခဲ့ပါသေးတယ်။

လီဗာကူဆင်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့မယ့် နည်းပြ ဇာဗီအလွန်ဆိုနဲ့ ၂ ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် အဲရစ်တန်ဟတ်ဂ်ကို ခေါ်ယူခန့်အပ်ခဲ့တာပါ။

နည်းပြ တန်ဟတ်ဂ်ဟာ ဂျာမန်ဘောလုံးလောကနဲ့ အစိမ်းသက်သက်တော့မဟုတ်ဘဲ ၂၀၁၃ ခုနှစ်က ဘိုင်ယန်မြူးနစ်အရန်အသင်းကို ၂ နှစ်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။

လီဗာကူဆင်အသင်းဟာ အခုနှစ်ရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ရဲ့အောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013