DVB Logo
Home
နိုင်ငံတကာ
အထည်ချုပ်လုပ်ငန်းကို စိတ်မဝင်စား၊ တင့်ကားနှင့် ချစ်ပ်ပြားများ ထုတ်မည်ဟု ထရမ့်ပ် ပြော
DVB
·
May 26, 2025
အထည်ချုပ်လုပ်ငန်းကို စိတ်မဝင်စား၊ တင့်ကားနှင့် ချစ်ပ်ပြားများ ထုတ်မည်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နိုင်ငံမှာ အထည်ချုပ်လုပ်ငန်း ပြန်လည်ပတ်ဖို့ စိတ်မဝင်စားဘူးလို့ အတည်ပြုလိုက်ပြီး တင့်ကားတွေ၊ ကွန်ပျူတာချစ်ပ်ပြားတွေလို ‘ကြီးကျယ်တဲ့ အရာတွေ’ ထုတ်လုပ်ဖို့ပဲ အာရုံစိုက်ထားတာလို့ မေ ၂၅ ရက်က ပြောကြားခဲ့ပါတယ်။

အထည်ချုပ်လုပ်ငန်း အမေရိကန်မှာ ပြန်လုပ်ဖို့ မလိုအပ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က မှတ်ချက်ပေးခဲ့တာနဲ့ ပတ်သက်လို့ ထရမ့်ပ်ကို သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။

“ဟုတ်ပါတယ်။ ကျုပ် သဘောတူပါတယ်။ ကျုပ်တို့က စနီကာဖိနပ်တွေ၊ တီရှပ်တွေ ထုတ်ဖို့ မရည်ရွယ်ပါဘူး။ စစ်လက်နက်ပစ္စည်းတွေ ထုတ်ချင်တယ်။ ကြီးကျယ်တဲ့ပစ္စည်းတွေ ထုတ်မှာပါ။ ကွန်ပျူတာတွေနဲ့ AI နဲ့ ပတ်သက်တာတွေ လုပ်ချင်တယ်။ အဲဒီလိုဟာမျိုးတွေ အများကြီးပေါ့။ ဒါပေမဲ့ အထည်ချုပ်နဲ့ပတ်သက်လို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တီရှပ်တွေချုပ်ဖို့ မမျှော်လင့်ပါဘူး။ ကျုပ်တို့ ခြေအိတ်တွေ ထုတ်ဖို့ မမျှော်လင့်ပါဘူး။ တခြားနေရာတွေမှာ လုပ်လို့ရနိုင်တာပဲလေ။ ကျုပ်တို့က ချစ်ပ်ပြားတွေ၊ ကွန်ပျူတာတွေ၊ တခြားအရာတွေပဲ ထုတ်မှာ။ ပြီးတော့ တင့်ကားတွေပေါ့။ ချစ်ပြားတွေ၊ သင်္ဘောတွေပေါ့” လို့ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ စည်းကြပ်ခွန်ကိစ္စ ညှိနှိုင်းမယ့်ရက်ကိုလည်း ဇူလိုင် ၉ အထိ တိုးပေးဖို့ သဘောတူထားတယ်လို့ ထရမ့်ပ်က အတည်ပြုပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ထရမ့်ပ်နဲ့ ဖုန်းကောင်းကောင်း ပြောဖြစ်တယ်လို့ မေ ၂၅ ရက်က အတည်ပြုပါတယ်။

ထရမ့်ပ်ဟာ အစောပိုင်းမှာ EU ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်း၊ နောက်ပိုင်းမှာ ညှိနှိုင်းဖို့အတွက် ၁၀ ရာခိုင်နှုန်းအထိ လျှော့ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ညှိနှိုင်းတာ နှေးတယ်ဆိုပြီးတော့ ၅၀ ရာခိုင်နှုန်းအထိ တိုးမယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013