ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တစင်းဟာ ပရကျုပ်ခီရီခန်ခရိုင်၊ ပရကျုပ်ခီရီခန်မြို့နယ် အောဝ်နွဲ့အုပ်စု နောင်ကုတ်ကျေးရွာမှာ ဒီနေ့လယ် ထိုင်းစံတော်ချိန် ၁ နာရီခွဲက ပျက်ကျပြီး ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။
အစောပိုင်းသတင်းတွေအရ ရဟတ်ယာဉ်မှာပါသွားတဲ့ လေယာဉ်မှူး ရဲဒုဗိုလ် ပရာတောင်ချူလပ် နဲ့ ရဲအကြီးတန်းအရာခံဗိုလ် ဆောင်ဖွန်ဘွန်ချိုင်း၊ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ရဲဒုဗိုလ် တင်နခရစ်ဆူဝမ်နနွိုင် တို့ ၃ ယောက်လုံး သေဆုံးခဲ့တယ်လို့ သိရပြီး ရဲဗိုလ်ချုပ်ကြီး ခီတီရတ် ပန်ပက်ခ်ျက ဒီအပေါ်မှာ ဝမ်းနည်းကြောင်း ပြောပါတယ်။
ပျက်ကျတဲ့အကြောင်းရင်းကို မသိရသေးဘဲ ဒီဖြစ်စဉ်ကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့နဲ့ ကွယ်လွန်သူတွေရဲ့မိသားစုတွေကို အားပေးကူညီဖို့လည်း ရဲချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Source: Khaosod English