DVB Logo
Home
နိုင်ငံတကာ
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဟတ်ယာဉ် ပျက်ကျ၊ ရဲအရာရှိ ၃ ဦးသေဆုံး
DVB
·
May 24, 2025
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဟတ်ယာဉ် ပျက်ကျ၊ ရဲအရာရှိ ၃ ဦးသေဆုံး
1 / 5
Donate to DVB

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တစင်းဟာ ပရကျုပ်ခီရီခန်ခရိုင်၊ ပရကျုပ်ခီရီခန်မြို့နယ် အောဝ်နွဲ့အုပ်စု နောင်ကုတ်ကျေးရွာမှာ  ဒီနေ့လယ် ထိုင်းစံတော်ချိန် ၁ နာရီခွဲက ပျက်ကျပြီး ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။

အစောပိုင်းသတင်းတွေအရ ရဟတ်ယာဉ်မှာပါသွားတဲ့ လေယာဉ်မှူး ရဲဒုဗိုလ် ပရာတောင်ချူလပ် နဲ့ ရဲအကြီးတန်းအရာခံဗိုလ် ဆောင်ဖွန်ဘွန်ချိုင်း၊ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ရဲဒုဗိုလ် တင်နခရစ်ဆူဝမ်နနွိုင် တို့ ၃ ယောက်လုံး သေဆုံးခဲ့တယ်လို့ သိရပြီး ရဲဗိုလ်ချုပ်ကြီး ခီတီရတ် ပန်ပက်ခ်ျက ဒီအပေါ်မှာ ဝမ်းနည်းကြောင်း ပြောပါတယ်။

ပျက်ကျတဲ့အကြောင်းရင်းကို မသိရသေးဘဲ ဒီဖြစ်စဉ်ကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့နဲ့ ကွယ်လွန်သူတွေရဲ့မိသားစုတွေကို အားပေးကူညီဖို့လည်း ရဲချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Source: Khaosod English

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013