
ထိုင်းကြည်းတပ်ပိုင် ရဟတ်ယာဉ် ၁ စီး ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့မနက်က ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်းဆဝမ်မြို့နယ်ထဲမှာ မတော်တဆပျက်ကျပြီး ကြည်းတပ်အရာရှိ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပါတယ်။
အဆိုပါရဟတ်ယာဉ်မှာ အမှတ် ၄၈၀ အမျိုးအစားဖြစ်ပြီး လေကြောင်းသင်တန်းအပတ်စဉ် ၆၆ မှ ဝေဟင်တိုက်ခိုက်ရေးနည်း အခြေခံအဆင့် လေ့ကျင့်ပျံသန်းစဉ် ဒီကနေ့မနက် ၉ နာရီခွဲက နခွမ်းဆဝမ်မြို့နယ်ရှိ ထိုင်းကြည်းတပ်မတော် လေကြောင်းလေ့ကျင့်ရေးသင်တန်းကျောင်း လေ ယာဉ်ကွင်းမှာဘဲ ပျက်ကျသွားခဲ့တယ်လို့ ထိုင်း စစ်တပ် Army Spoke Team သတင်းမှာ ဖော်ပြပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ လေ့ကျင့်ရေးသင်တန်းဆရာ ဗိုလ်မှူး ဘန်ဖုန်း ဘန်ကျူန်းပလျင်နဲ့ လေ့ကျင့်ရေးသင်တန်းသား ဒု တပ်ကြပ် ချနားကွန်းပြင်ကျရွန်းတို့ နှစ်ဦး လိုက်ပါလာပြီး အဆင်းမှာ လေယာဉ်ထိန်းချုပ်လို့မရဘဲ လေဆိပ်မျက်နှာချင်းဆိုင် စာတိုက်ကြီးဝင်းထဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရာမှာ စစ်တပ်အရာရှိ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကာ လေယာဉ်ပျက်ရတဲ့ ကြောင်းရင်း အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။