DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ်က တပ်စခန်းများကို KTLA၊ KNLA၊ ပူးပေါင်းတပ်များက တိုက်ခိုက်
DVB
·
May 23, 2025
မြန်မာ-ထိုင်းနယ်စပ်က တပ်စခန်းများကို KTLA၊ KNLA၊ ပူးပေါင်းတပ်များက တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြန်မာ- ထိုင်းနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူလေးအာမီ KTLA၊ KNLA၊ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၂၁ ရက်နေ့ မနက် ၇ နာရီလောက်ကစတင်ပြီး မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူလေးအာမီ KTLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပါတယ်။

ဒါအပြင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့ ဝေါ်လေ၊ ကနဲလေး၊ ပလယ်ဒိုနဲ့ သေဘောဘိုး စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်ပြီး ဒရုန်းဗုံးကြဲ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်ထန်းနေတယ်လို့ ဆိုပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က“သတင်းထူးတော့ရှိတယ်။ ပလယ်ဒိုမှာလည်း ချနေတယ်။ ပြီးတော့ ကနဲလေး၊ မော်ခီးဆွဲပြီ။ ပလယ်ဒိုမှာက ၂ ရက်ကြာသွားပြီ။ ဒါပေမယ့် ရပြီးလား မရသေးဘူးလား သတင်းမရသေးဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ လေယာဉ်တွေအပြင် ဒရုန်းတွေနဲ့ပါ စစ်ကူပေး ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ ရပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်က စစ်ရေးတိုးမြှင့်ချထားပြီး မြန်မာဘက်အခြမ်းက တိုက်ပွဲတွေကို စောင့်ကြည့် ကင်းထောက်တာ၊ နယ်စပ်ဖြတ်ကျော်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မလာနိုင်အောင် ထိုင်းစစ်တပ်၊ ရဲနဲ့ ဒေသအာဏာပိုင်တွေက လုံခြုံရေးတိုးမြစ်ထားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင် အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာ၊ မယ်လ၊ မော်ဖိုးကေစခန်းတွေကို KNU တပ်မဟာ (၇) လက်အောက်ခံ ပူးပေါင်းတပ်တွေက သိမ်းယူပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013