
ယူရိုပါလိဂ်ချန်ပီယံဆုဖလားက မန်ယူနိုက်တက်အတွက် ကြီးမားတဲ့အရာမဟုတ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မေ ၂၂ ရက် မနက် ၁ နာရီခွဲမှာ စပါးအသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားရမှာပါ။
ယူရိုပါလိဂ်ဆုဖလားက မန်ယူနိုက်တက်အသင်းအတွက် အရေးအကြီးဆုံးအရာမဟုတ်သလို ကြီးမားတဲ့အရာလည်း မဟုတ်ကြောင်း၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကသာ ကြီးမားတဲ့အရာတွေဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ အဲဒီလိုပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ အလှမ်းကွာဝေးနေသေးကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ယူရိုပါလိဂ်ဆုဖလား ရယူနိုင်တာက မန်ယူနိုက်တက်အတွက် လုံလောက်တဲ့ အောင်မြင်မှု မဟုတ်ကြောင်းလည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ချန်ပီယံဖြစ်မယ်ဆိုရင် ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ကသာ အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။