DVB Logo
Home
မြန်မာသတင်း
ခမရ ၄၃၁ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်များဖြင့် ဘက်ပြောင်းခိုလှုံလာ
DVB
·
May 20, 2025
ခမရ ၄၃၁ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်များဖြင့် ဘက်ပြောင်းခိုလှုံလာ
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ တပ်ရင်းက စစ်ကောင်စီတပ်သား တယောက် လက်နက်ခဲယမ်းနဲ့တကွ ထွက်ပြေးတိမ်းရှောင်လာပြီး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ရင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ထွက်ပြေးလာတဲ့ တပ်သားဟာ အသက် ၂၂ နှစ်အရွယ် ကိုချစ်ကို ဖြစ်ပြီးတော့ စစ်မှုထမ်းအပတ်စဥ် ၈ အတွက် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခံရကာ ပလောက်မြို့က တိုင်းဗဟိုအမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ အခြေခံစစ်သင်တန်း တလသင်ကြားပြီးနောက် ကော့သောင်းခမရ ၄၃၁ တပ်ရင်းကို ပို့ဆောင်ခံလိုက်ရတယ်လို့ ပြောပါတယ်။

ခမရ ၄၃၁ တပ်ရင်းကနေ မေ ၁၅ ရက်နေ့ညမှာ ထွက်ပြေးလာပြီးနောက် လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူက မြဝတီမှာ နေတယ်။ ပေါ်တာဆွဲခံရပြီး ပလောက်က တိုင်းဗဟို ၁၂ မှာ သင်တန်းတက်ရတာ တလလောက်ပဲ ရှိသေးတယ်။ ပြီးတော့ ခမရ ၄၃၁ ကနေ သိန်ခွန်းရှေ့တန်းကို ပါလာတာပါ။ သိန်ခွန်းရှေ့တန်းကို ပို့ခံရတော့ ထွက်ပြေးလာတာပါ။”

ကိုချစ်ကို ဆီပါလာတဲ့ MA-1အမျိုးအစားမောင်းပြန် ၁ လက်၊ ကျည် ၁၄၇ တောင့်နဲ့ကျည်ဘောက် ၃ ခုကို လွှဲပြောင်းရယူခဲ့ပြီးတော့ ထိုက်သင့်တဲ့ ဆုငွေတွေကိုလည်း ပေးအပ်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၁၆ ရက်နေ့ကလည်း ကော့သောင်းခမရ ၄၃၁ တပ်ရင်းမှာ စစ်မှုထမ်းစုဆောင်းခံထားရသူ ၃ ယောက် ထွက်ပြေးလာပြီးတော့ တယောက်က ကော့သောင်းမြို့နယ် ပကဖအဖွဲ့ဆီ ဆက်သွယ်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ ထုံခါ-မောတောင်ကားလမ်းပိုင်းက သိန်ခွန်း‌ရှေ့တန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၄ ယောက် တော်လှန်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃ ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013