
လီဗာကူဆင်နောက်ခံလူ ဖရင်ပေါင်ဟာ လီဗာပူးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ ဟော်လန်ညာနောက်ခံလူဟာ လက်ရွေးစင်အသင်းဖော် ၃ ယောက် ဖြစ်တဲ့ ဗန်ဒိုက်၊ ဂရာဗန်ဘက်ချ်၊ ဂတ်ပိုတို့နဲ့အတူ တနိုင်ငံတည်းသားနည်းပြ စလော့ရှိတဲ့ လီဗာပူး အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ့် ညာနောက်ခံလူ အာနိုးလ်ရဲ့ နေရာမှာ အစားဝင်မှာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှုခံယူပြီး အပြီးသတ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဖရင်ပေါင်အတွက် စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၂၉ သန်းခွဲ ပေးချေပြီး ခေါ်ယူခဲ့တာပါ။
ညာနောက်ခံလူ ဖရင်ပေါင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာကူဆင်အသင်းကို ဘွန်ဒက်စ်လီဂါ ရှုံးပွဲမရှိချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။