
ဂါဇာကို လွတ်လပ်တဲ့ဇုန်အဖြစ် အမေရိကန်က ပြုလုပ်မှာဖြစ်ကြောင်း ကာတာခရီးစဉ်မှာ သမ္မတ ထရမ့်ပ်က ထပ်မံပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းနယ်မြေမှာ ကယ်တင်စရာဘာမှ မကျန်တော့တဲ့ အကြောင်းလည်း ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
ဂါဇာဒေသနဲ့ပတ်သက်တဲ့ အကြောင်းကို ဖေဖော်ဝါရီလကတည်းက ထရမ့်ပ်က ပြောဆိုခဲ့တာ ဖြစ်ပြီး ပါလက်စတိုင်းတွေကို အခြားနေရာကို သွားဖို့ တွန်းအားပေးပြီး အမေရိကန်က အဲ့ဒီ နေရာကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်ဆောင်မယ်လို့ ဆိုခဲ့ပါတယ်။
အဲ့ဒီအကြံကို ကမ္ဘာ့မှာ ပြစ်တင်ရှုံချမှုတွေဖြစ်ပေါ်ခဲ့ပြီး ပါလက်စတိုင်းတွေ၊ အာရပ်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ တို့က ဒါဟာ လူမျိုးစု ရှင်းလင်းတာလို့ ဆိုထားပါတယ်။
အဲ့ဒီဒေသမှာ ဟားမတ်တွေရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးက ထိုးစစ်ဆင်ခဲ့တာဖြစ်ကာ လူဦးရေ ၂.၃ သန်းရှိတဲ့ ဂါဇာမှာ ပါလက်စတိုင်း ၅၃၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
ထရမ့်ပ်က ကာတာကို ရောက်စဉ် “ကာဇာကို လွတ်လပ်တဲ့ဇုန်အဖြစ် ပြုလုပ်တာက အရမ်းကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ အမေရိကန်ကို ပါဝင်ခွင့်ပြုသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားချက်ထဲမှာ ဂါဇာဟာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ တွေ မရှိတော့ကြောင်း၊ ဒေသခံတွေကလည်း အဆောက်အအုံပျက်တွေ၊ အုတ်ကျိုးပုံတွေကြားမှာ နေရကြောင်း၊ ဂါဇာကို လွတ်လပ်တဲ့ဇုန်အဖြစ် မြင်ချင်တဲ့ကြောင်းတွေ ပါဝင်ပါတယ်။
ပါလက်စတိုင်းတွေကတော့ ဂါဇာကနေ ထွက်ခွါမဲ့ အစီအစဉ်ကို ပြင်းပြင်းထန်ထန်ပယ်ချထားပြီး ၁၉၄၈ ခုနှစ်က အစီအစဉ်လို ဖြစ်ကြောင်း နှိုင်းယှဉ်ပြခဲ့ပါတယ်။
လက်ရှိ ပါလက်စတိုင်းတွေဟာ အိမ်တွေပျက်စီးခဲ့ပေမဲ့ သူတို့နေရာမှာသာ နေထိုင်လိုတယ်လို့ အများစုက ပြောထားပါတယ်။
Source:Reuters