
လီဗာပူးအသင်းဟာ ဂျာမန်ကလပ် လီဗာကူဆင်နောက်ခံလူ ဖရင်ပေါင်ကို စာချုပ်ပါလျော်ကြေး ပေးပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အသက် ၂၄ နှစ်ရှိ ဟော်လန်နောက်ခံလူဟာ ညာစွန်တကြော နေရာစုံမှာကစားနိုင်စွမ်းရှိပြီး တနိုင်ငံတည်းသား အသင်းနည်းပြ အာနဲစလော့နဲ့လည်း ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။
လီဗာကူဆင်အသင်းဟာ ဖရင်ပေါင်ကို ယူရို ၃၅ သန်း တန်ကြေးရှိ လျော်ကြေး စာချုပ်ပါ ထည့်သွင်းထားတာဖြစ်ပြီး လီဗာပူးအသင်းဘက်ကလည်း ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အဓိကနောက်ခံလူ အာနိုးလ်ကို ထွက်ခွါခွင့်ပေးထားတာကြောင့် ဖရင်ပေါင်နဲ့ ပြန်လည်အစားထိုးသွားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Photo: Reuters