
ယူကရိန်းစစ်ပွဲအတွက် တိုက်ရိုက်ဆွေးနွေးမယ့် ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာ သမ္မတ အကြံပေးတယောက်၊ ထိပ်တန်းသံတမန်တယောက်နဲ့ အကြီးတန်းစစ်ဘက်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ပါတယ်လို့ ရုရှားသမ္မတ ပူတင်က မေ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။
ကရင်မလင် သမ္မတနန်းတော်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပူတင်ထုတ်လိုက်တဲ့ အမိန့်ထဲမှာ အကြံပေး ဗလာဒီမီယာ မေဒင်စကီနဲ့ ကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန်းဒါး ဖှိုမင်တို့ ပါပါတယ်။
သူတို့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး သီတင်းပတ်အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းကြား နောက်ဆုံးဆွေးနွေးချိန်မှာ ပါဝင်ခဲ့ဖူးပါတယ်။
ဆွေးနွေးပွဲတွေမှာ ပူတင်ကိုယ်တိုင် ပါမှာမဟုတ်ပေမဲ့ ယူကရိန်းနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ အတွေ့အကြုံရှိတဲ့ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းမှုကို မေ ၁၄ ရက် နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပူတင် ကိုယ်တိုင် အဆိုပြုခဲ့တဲ့ အစည်းအဝေးအပြီးမှာ တိုက်ရိုက် ဆွေးနွေးပွဲကို ပူတင် ကိုယ်တိုင် တက်မလားဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပူတင်သာ တက်ရောက်ခဲ့မယ်ဆိုရင် ဆွေးနွေးပွဲကို သူတက်မယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters