DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူတင်နှင့် ထရမ့်ပ် မတက်ရောက်
DVB
·
May 15, 2025
ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူတင်နှင့် ထရမ့်ပ် မတက်ရောက်
Donate to DVB

၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး တိုက်ရိုက်ဆွေးနွေးပွဲကို မေ ၁၅ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရော၊ ယူကရိန်း တက်သင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရော ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြခြင်း မရှိပါဘူး။

ရုရှားကတော့ ကိုယ်စားလှယ်တွေပဲ စေလွှတ်ခဲ့ပါတယ်။ ပူတင်ကိုယ်တိုင် တက်ရောက်ဖို့ စိန်ခေါ်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ တူရကီကို သွားရောက်ခဲ့ပေမဲ့ ပူတင် မတက်ရင် သူလည်း တက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ရုရှားဘက်က သမ္မတအကြံပေးပုဂ္ဂိုလ် ဗလာဒီမာ မီဒန်းစကီး၊ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင်တို့ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဘက်က တက်ရောက်ဖို့ ကိုယ်စားလှယ်စာရင်း ထွက်လာအပြီးမှာ အရှေ့အလယ်ပိုင်း ၃ နိုင်ငံ ခရီး ရောက်နေတဲ့ ထရမ့်ပ်လည်း တက်မှာမဟုတ်ဘူးလို့ အမေရိကန်ဘက်က အတည်ပြုပါတယ်။

ထရမ့်ပ်က အစောပိုင်းမှာ သူလည်း တက်ဖို့ စဉ်းစားနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

ပူတင်ကလည်း အစောပိုင်းကတည်းက ယူကရိန်း-ရုရှား တိုက်ရိုက်ဆွေးနွေးဖို့သာ တောင်းဆိုခဲ့တာဖြစ်ပြီး သူကိုယ်တိုင်တက်မယ်လို့ ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။

ပူတင်သာ မကြောက်ရွံ့ဘူးဆိုရင် လူချင်းတွေ့ဖို့ ဇလန်းစကီးက စိန်ခေါ်ခဲ့တာဖြစ်ပြီး ပူတင်ဘက်က ငြင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။

အခုလို ခေါင်းဆောင်တွေကိုယ်တိုင် မတက်ရောက်တဲ့အတွက် အခုဆွေးနွေးပွဲမှာ ကြီးကြီးမားမား သဘောတူညီချက်ရဖို့ မျှော်လင့်ချက်လည်း နည်းပါးနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013