DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ကားထုတ်ရန် အစီအစဉ်မရှိဟု ဗြိတိန်ကားကုမ္ပဏီ Jaguar ပြော
DVB
·
May 15, 2025
အမေရိကန်တွင် ကားထုတ်ရန် အစီအစဉ်မရှိဟု ဗြိတိန်ကားကုမ္ပဏီ Jaguar ပြော
Donate to DVB

ဗြိတိန်အခြေစိုက် ကားကုမ္ပဏီ Jaguar Land Rover က အမေရိကန်မှာ ကားထုတ်လုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြည်ပသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမှုက ကားလုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိနေပါတယ်။

“JLR CEO ရဲ့ နှစ်ပတ်လည်မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျနော်တို့ကားတွေကို အမေရိကန်နိုင်ငံမှာ ထုတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အတည်ပြုနိုင်ပါတယ်” လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Jaguar ဟာ အမေရိကန်နိုင်ငံမှာ စက်ရုံတည်ဆောက်ထားတာမျိုး မရှိပါဘူး။ Jaguar ဟာ ထရမ့်ပ်ရဲ့ ပထမအခွန်ကောက်ခံမှု ကြေညာချက် ထွက်လာပြီးနောက် ဧပြီလမှာ အမေရိကန်ကို ကားတင်ပို့မှု ရပ်တန့်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Jaguar ဟာ ဒီလကစပြီး အမေရိကန်ကို ကားတင်ပို့မှု ဆက်ပြီး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ထရမ့်ပ်ရဲ့ ခန့်မှန်းလို့မရတဲ့ ကုန်သွယ်မှုပေါ်လစီက ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေကို ရိုက်ခတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်က ဧပြီလ အစောပိုင်းမှာ ဗြိတိန်ရဲ့ အမေရိကန်ကုန်တင်ပို့မှုကို ၁၀ ရာခိုင်နှုန်းသာ သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗြိတိန်ရဲ့ စတီးနဲ့ အလူမီနီယံတွေ အမေရိကန်နိုင်ငံကို အခွန်ကောက်ခံမှုမရှိဘဲ တင်သွင်းခဲ့ကာ ဗြိတိန်ကားတွေတင်ပို့မှု စည်းမျဉ်းတွေလည်း လျှော့ချခဲ့ပါတယ်။

အမေရိကန် ကားကုမ္ပဏီ Ford က အမေရိကန်ရဲ့ စည်းကြပ်မှုတွေကြောင့် ဒီနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျဖွယ်ရှိတယ်လို့ ခန့်မှန်းထားပြီး ဇိမ်ခံကားပြိုင်ဘက်တွေဖြစ်တဲ့ Mercedes-Benz၊ Chrysler တို့ကလည်း ဈေးကွက်ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။

စီးပွားရေးမတည်ငြိမ်မှုကြောင့် ပြီးခဲ့တဲ့လက ကားလုပ်ငန်းမဟုတ်တဲ့ နည်းပညာကုမ္ပဏီ Intel၊ ဖိနပ်ထုတ်လုပ်တဲ့ Sketcher၊ အစားအသောက်နဲ့ အသုံးအဆောင် လုပ်ငန်းဖြစ်တဲ့ Procter & Gamble တို့ကလည်း သူတို့ရဲ့ အမြတ်ငွေတွက်ချက်မှု ဒါမှမဟုတ် ထုတ်ယူမှုတွေ ပြုလုပ်တာ တွေ့ရပါတယ်။

အားကစားအသုံးအဆောင်တွေ ထုတ်လုပ်တဲ့ Adidas ကလည်း ထရမ့်ပ်ရဲ့ အခွန်ကြောင့် ဈေးနှုန်းတိုးမြင့်လာမှာကို စိတ်ပူနေပါတယ်။

ဒီလအတွင်း Barbie ရုပ် ပြုလုပ်တဲ့ Mattel ကလည်း သူတို့ရဲ့အရုပ်တွေ အခွန်ကြောင့် ဈေးတက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013