
မန်ယူအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ကွင်းလယ်တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဒီဆန်နဲ့ ကူလူဆက်စကီးတို့ လွဲချော်မယ်လို့ စပါးအသင်းက အတည်ပြုသွားပါတယ်။
ဆွီဒင်ကစားသမား ကူလူဆက်စကီးဟာ ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသရမှာဖြစ်ကြောင်း စပါးအသင်းက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အလားတူ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ဟာလည်း ဒူးဒဏ်ရာရရှိထားလို့ လာမယ့် မေ ၂၂ ရက်မှာ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်မယ်လို့ စပါးအသင်းဘက်က အတည်ပြုထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် အခုနှစ်ရာသီမှာ ၂၇ ပွဲအထိ ကစားထားတဲ့ ကွင်းလယ်ကြယ်ပွင့် ဘာ့ချ်ဗောဟာလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
မန်ယူနဲ့ပွဲကို လွဲချော်ကြမယ့် မက်ဒီဆန်နဲ့ ကူလူဆက်စကီးတို့ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း ၂၇ ကြိမ်အထိ စွမ်းဆောင်ထားသူတွေ ဖြစ်ပါတယ်။