DVB Logo
Home
နိုင်ငံတကာ
လက်တင်အမေရိကနိုင်ငံများနှင့် အစီအစဉ် ၅ ခု အတူလုပ်ဆောင်မည်ဟု တရုတ်သမ္မတ ပြော
DVB
·
May 14, 2025
လက်တင်အမေရိကနိုင်ငံများနှင့် အစီအစဉ် ၅ ခု အတူလုပ်ဆောင်မည်ဟု တရုတ်သမ္မတ ပြော
Donate to DVB

တရုတ်နိုင်ငံဟာ လက်တင်အမေရိကန်၊ ကာရေဘီယံနိုင်ငံတွေနဲ့အတူ အစီအစဉ် ၅ ခုကို စတင်လုပ်ဆောင်မှာဖြစ်တဲ့အကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

ပေကျင်းမှာ ကျင်းပနေတဲ့ တရုတ်နဲ့ CELAC ဝန်ကြီးအဆင့် စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲမှာ ရှီက အခုလို ပြောခဲ့တာပါ။

အဲဒီပွဲကို ဘရာဇီးသမ္မတ၊ ချီလီသမ္မတ၊ CELAC အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ကိုလံဘီယာသမ္မတ တို့လည်း တက်ရောက်ခဲ့ပါတယ်။

LAC နိုင်ငံတွေနဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဆက်ဆံရေးရှိခဲ့ပြီး တရုတ်-CELAC ဖိုရမ်အဖြစ် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

ပရိုဂရမ်ပထမအချက်အနေနဲ့ အဲဒီနိုင်ငံတွေဟာ တရုတ်တနိုင်ငံတည်း မူဝါဒကို အမြဲဆက်ထိန်းထားဖို့နဲ့ တရုတ်နိုင်ငံက အဲဒီနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်နဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို ကာကွယ်ဖို့ ထောက်ပံ့ပေးမယ်လို့ ရှီက ပြောပါတယ်။

လာမယ့် ၃ နှစ်မှာ CELAC နိုင်ငံတွေက နိုင်ငံရေးပါတီဝင် ၃၀၀ လောက်ကို နှစ်တိုင်း တရုတ်နိုင်ငံကို ဖိတ်ကြားပြီး အစိုးရအတွေ့အကြုံ ဖလှယ်တာမျိုး လုပ်မယ်လို့လည်း ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြန်အလှန် ကုန်သွယ်မှုတွေ၊ ကမ္ဘာ့စက်ရုံလုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ချောမွေ့စေဖို့၊ နိုင်ငံတကာမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လက်တွဲလုပ်ဆောင်မယ်လို့ ရှီက ဆိုပါတယ်။

တတိယအချက်ကတော့ တရုတ်နိုင်ငံက ဒီနိုင်ငံတွေနဲ့ ယှဉ်ကျေးမှုဖလှယ်တာမျိုး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

စတုတ္ထက LAC နိုင်ငံတွေနဲ့အတူ ကမ္ဘာ့လုံခြုံရေး ဆောင်ရွက်ချက်တွေ ပူးပေါင်းဖို့နဲ့ ပဥ္စမအချက် CELAC အဖွဲ့ဝင်တွေကို အစိုးရ ပညာသင်ဆု  အရေအတွက် ၃,၅၀၀ ပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် လက်တင်အမေရိက နိုင်ငံ ၅ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ရှီကျင့်ဖျင်ဟာ ဘရာဇီးသမ္မတနဲ့ မေ ၁၃ ရက်မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ၂ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ဘက်ပေါင်းစုံမူဝါဒကို ခုခံဖို့ ကတိပြုခဲ့ကြပါတယ်။

ဘရာဇီးသမ္မတ လူလာဒါဆေးဗားအတွက် ၂၀၂၃ ခုနှစ်က သမ္မတရာထူး စတင်တာဝန်ယူချိန်ကစပြီး ရှီကျင့်ဖျင်နဲ့ ၃ ကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013