DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်ရေးသဘောတူညီချက်အတွက် တရုတ်သမ္မတနှင့် တိုက်ရိုက်ဆက်ဆံနိုင်ဟု ထရမ့်ပ် ပြော 
DVB
·
May 14, 2025
ကုန်သွယ်ရေးသဘောတူညီချက်အတွက် တရုတ်သမ္မတနှင့် တိုက်ရိုက်ဆက်ဆံနိုင်ဟု ထရမ့်ပ် ပြော 
Donate to DVB

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရဲ့ နောက်ဆုံး အသေးစိတ်အချက်တွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူကိုယ်တိုင် တိုက်ရိုက်ဆက်ဆံနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၁၃ ရက်မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

လိုအပ်မလား ဆိုတာတော့ မသေချာဘူးလို့လည်း ထရမ့်ပ်က ဖောက်စ်နယူးစ် ရုပ်သံလိုင်းက ရှောင် ဟန်နစ်တီကို ပြောခဲ့ပါတယ်။

မေ ၁၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံဆီ ပျံသန်းနေတဲ့ Air Force One သမ္မတ စီးတော် လေယာဉ်ပေါ်မှာ လုပ်တဲ့ အင်တာဗျူးမှာ ထရမ့်ပ်က ခုလို ပြောလိုက်တာပါ။

ကာတာနိုင်ငံက Boeing 747-8 လေယာဉ်တစီး လက်ဆောင်ပေးဖို့ ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ထရမ့်ပ်က US Air Force One အဖြစ် သုံးမယ့်လက်ဆောင်ကို လက်ခံတာဟာ မိုက်မဲတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ထပ်ပြောပါတယ်။

“ကျနော် ဘာမှမရပါဘူး။ တခြားသမ္မတတွေ လေယာဉ်စီးသလို ကျနော် စီးနိုင်မှာပါ” လို့ ထရမ့်ပ်က ဟာနစ်တီကို ပြောပါတယ်။

ဒေါ်လာ သန်း ၄၀၀ တန် လေယာဉ်ပျံကို လက်ခံမယ့် ထရမ့်ပ်ရဲ့ ဆန္ဒအပေါ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် အများအပြားက စိုးရိမ်ပူပန်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013