
လီဗာပူးအသင်းဟာ အသင်းကနေ ထွက်ခွာမယ့် နောက်ခံလူ အာနိုးလ်ရဲ့နေရာအတွက် လီဗာကူဆင် နောက်ခံလူ ဂျေမီဖရင်ပေါင်နဲ့ အစားထိုးဖို့ ဆွေးနွေးနေပါတယ်။
စကိုင်းစပေါ့ ဂျာမနီရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် လီဗာကူဆင်မှာ ခြေစွမ်းပြနေတဲ့ ဖရင်ပေါင်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်ရှိ ဟော်လန် ညာနောက်ခံလူဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၃၀ ဝန်းကျင်သာ ရှိတာကြောင့် လီဗာပူးအသင်းဘက်က စာချုပ်လျော်ကြေး ပေးချေပြီး ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ဖရင်ပေါင်ဟာ လီဗာကူဆင်နဲ့ ၄ နှစ်တာ ကာလအတွင်း စုစုပေါင်း ပွဲ ၂၀၀ နီးပါး ကစားခဲ့ပြီး သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၄၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo:Reuters