DVB Logo
Home
အားကစား
ရာသီအကုန်တွင် လီဗာကူဆင်မှ ထွက်ခွာမည်ဟု နည်းပြအလွန်ဆို အတည်ပြု
DVB
·
May 13, 2025
ရာသီအကုန်တွင် လီဗာကူဆင်မှ ထွက်ခွာမည်ဟု နည်းပြအလွန်ဆို အတည်ပြု
Donate to DVB

အခုနှစ်ရာသီအကုန်မှာ လီဗာကူဆင်အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြအလွန်ဆိုက အတည်ပြုသွားပါတယ်။

အခုတပတ်မှာ ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ပွဲစဉ်ကို အခုနှစ်ရာသီ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မတိုင်ခင်မှာ အသင်းကထွက်ခွာမယ့်အကြောင်း အတည်ပြုခဲ့တာပါ။

လာမယ့် လက်ကျန် ဘွန်ဒက်လီဂါ ၂ ပွဲဟာ မိမိအတွက် နောက်ဆုံးပွဲစဉ်တွေဖြစ်ပြီး ကစားသမားတွေ၊ ပရိသတ်တွေနဲ့ အသင်းဝန်ထမ်းတွေကို နှုတ်ဆက်စကားပြောရတာက မလွယ်ကူကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။

စပိန်နည်းပြဟာ လီဗာကူဆင်နည်းပြဘ၀ ၁၃၈ ပွဲ တာဝန်ယူခဲ့ရာမှာ ၈၈ ပွဲအထိ နိုင်ပွဲရခဲ့ပြီး နိုင်ပွဲ ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရှုံးပွဲမရှိရလဒ်နဲ့ ရယူပေးခဲ့သူပါ။

အလွန်ဆိုဟာ နည်းပြ အန်စလော့တီနဲ့ လမ်းခွဲမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013