DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်ရေး ကိုယ်တိုင်လာဆွေးနွေးရန် ပူတင်ကို ဇလန်းစကီး စိန်ခေါ်
DVB
·
May 12, 2025
စစ်ပွဲအဆုံးသတ်ရေး ကိုယ်တိုင်လာဆွေးနွေးရန် ပူတင်ကို ဇလန်းစကီး စိန်ခေါ်
Donate to DVB

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မေ ၁၅ ရက် ကျင်းပမယ့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲမှာ ကိုယ်တိုင်လာဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စိန်ခေါ်လိုက်ပါတယ်။

တူရကီနိုင်ငံမှာ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားရဲ့ ကမ်းလှမ်းချက်ကို ယူကရိန်းက လက်ခံပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုခဲ့အပြီးမှာ ဇလန်းစကီးက ခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။

မူလက နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးမယ့်သဘောမျိုး ပူတင်က ကမ်းလှမ်းခဲ့တဲ့အပေါ် ခေါင်းဆောင်ချင်း ကိုယ်တိုင်တွေ့ကြဖို့ ဇလန်းစကီးက တန်ပြန်ကမ်းလှမ်းခဲ့တာပါ။

“သတ်ဖြတ်မှုတွေကို ဆက်ရှည်ကြာဖို့ရာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ကြာသပတေးနေ့ကျရင် တာကီယေးမှာ ပူတင်နဲ့တွေ့ဖို့ ကျုပ် စောင့်နေမယ်။ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြတာပေါ့” လို့ ဇလန်းစကီးက လူမှုကွန်ရက် X  မှာ ရေးသားခဲ့ပါတယ်။

တာကီယဲဆိုတာ တူရကီနိုင်ငံရဲ့ ၁၉၂၃ ကတည်းက တရားဝင်အမည်ဖြစ်ပြီး ၂၀၂၁ မှာ ဒီစာလုံးပေါင်းအတိုင်း ကုလသမဂ္ဂမှာပါ ပြင်ဆင်ခဲ့တဲ့အမည် ဖြစ်ပါတယ်။

ရုရှားနဲ့ စကားပြောဖို့ တံခါးဖွင့်ထားပေမဲ့ အပစ်အခတ်ရပ်စဲပြီးမှ ဆွေးနွေးမယ်လို့ အစောပိုင်းမှာ ဇလန်းစကီးက ပြောထားပါတယ်။

ဆန္ဒရှိသူများ တပ်ပေါင်းစုလို့ ခေါ်တဲ့ ဥရောပနိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ ကိယက်ဗ်မှာ ဇလန်းစကီးနဲ့ တွေ့ဆုံအပြီး ရက် ၃၀ အပစ်ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ မရပ်ရင် အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒီအချိန်မှာ ပူတင်က ဒီလို ကြားမဝင်ဘဲ ယူကရိန်းနဲ့ ရုရှား တိုက်ရိုက်ညှိရအောင်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီကမ်းလှမ်းချက်ကို ယူကရိန်းက ချက်ချင်း သဘောတူသင့်ကြောင်း ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ မှတ်ချက်ပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013