DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲပြီးနောက် ပါကစ္စတန် ကက်ရှ်မီးယားဒေသတွင် ပုံမှန်ပြန်ဖြစ်လာ
DVB
·
May 12, 2025
အပစ်အခတ်ရပ်စဲပြီးနောက် ပါကစ္စတန် ကက်ရှ်မီးယားဒေသတွင် ပုံမှန်ပြန်ဖြစ်လာ
Donate to DVB

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ သူတို့ပိုင်နက်အဖြစ် အပြိုင်အဆိုင် ကြေညာထားတဲ့ နယ်စပ်တလျှောက် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီးတဲ့နောက် ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားပြည်နယ်ထဲမှာ စျေးဆိုင်တွေ ပြန်ဖွင့်ထားပါပြီ။

ဆယ်စုနှစ်များစွာကြာနေတဲ့ ကက်ရှ်မီးယား အငြင်းပွားမှုကို နိုင်ငံရေးအရ အဖြေရှာမရဘဲ ငြိမ်းချမ်းရေးက ဘယ်လောက်ကြာကြာခံမလဲ ဆိုတာကို ဒေသခံတွေက သံသယဖြစ်ခဲ့ကြပါတယ်။

မကြာသေးမီက နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုဒဏ်ကို ခံခဲ့ရတဲ့ နယ်စပ်မြို့ ချာကိုထီမှာ ဆိုင်ရှင်တွေက ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ပြီး လုပ်ငန်းတွေပြန်စရင်း ပုံမှန်ပြန်ဖြစ်မယ့် အရိပ်အယောင်တွေကို ပြသခဲ့ပါတယ်။

အကြမ်းဖက်မှုကနေ ထွက်ပြေးလာသူ အများအပြားကတော့ ပြန်လာဖို့ ချီတုံချတုံ ဖြစ်နေကြတာပါ။

“ကျနော်တို့ လုပ်ငန်းကို ပြန်စမယ်ဆိုပေမဲ့ အချိန်ယူရလိမ့်မယ်” လို့ ဈေးဆိုင်ပိုင်ရှင်နဲ့ ဒေသတွင်း ကုန်သည်များသမဂ္ဂ အကြီးအကဲ ရှာဘီယာ အဘာစီက ပြောပါတယ်။

သင့်လျော်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရမချင်း လူတွေက ပြန်လာမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

နျူလက်နက်ပိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ကက်ရ်ှမီးယားမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို ရပ်ဖို့ သဘောတူခဲ့ပေမဲ့ ယာယီအပစ်အခတ်ရပ်စဲရေးက မလုံလောက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင် ကက်ရှ်မီးယား ပြဿနာကို အခုဖြေရှင်းရမယ်လို့ အဘာစီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်မှု ခဏရပ်တာကို ဒေသခံတချို့က ကြိုဆိုခဲ့ပေမဲ့ သံသယရှိနေဆဲပါ။ ချာကိုသီမြို့ခံ မိုဟမ်မဒ်အစ်လမ်က “အပစ်အခတ်ရပ်စဲရေးက ကောင်းပါတယ်။ ဒါပေမဲ့ ကက်ရ်ှမီးယားကို ဖြေရှင်းဖို့ ဆွေးနွေးတာက ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံက အုပ်ချုပ်နေတဲ့ ကက်ရှ်မီးယားပြည်နယ်က ပါဟယ်ဂံ တောင်ပေါ်စခန်းမှာ ဟိန္ဒူဘာသာဝင် ၂၆ ယောက် အသတ်ခံရပြီး နှစ်ပတ်အကြာ မေ ၇ ရက်မှာ စဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ စနေနေ့က အပစ်အခတ်ရပ်စဲရေး ကြေညာအပြီး ယာယီရပ်တန့်သွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013