
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုနေတဲ့ နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပေမဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ လုပ်ဆောင်လာတာပါ။
အာဆင်နယ်အသင်းဘက်က ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ဆာလီဘာကို သက်တမ်းတိုးဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေတယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။
နောက်ခံလူ ဆာလီဘာကတော့ အာဆင်နယ်မှာ ပျော်ရွှင်နေပေမဲ့ ဆုဖလားရယူသွားချင်ပြီး ဆုဖလားမရခဲ့ရင် စွမ်းဆောင်ပြခဲ့တာတွေက အသင်းသမိုင်းမှာ စွဲထင်ကျန်ရစ်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။