DVB Logo
Home
အားကစား
ရီးရဲလ်ပစ်မှတ် နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေး
DVB
·
May 12, 2025
ရီးရဲလ်ပစ်မှတ် နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေး
Donate to DVB

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုနေတဲ့ နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပေမဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ လုပ်ဆောင်လာတာပါ။

အာဆင်နယ်အသင်းဘက်က ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ဆာလီဘာကို သက်တမ်းတိုးဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေတယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။

နောက်ခံလူ ဆာလီဘာကတော့ အာဆင်နယ်မှာ ပျော်ရွှင်နေပေမဲ့ ဆုဖလားရယူသွားချင်ပြီး ဆုဖလားမရခဲ့ရင် စွမ်းဆောင်ပြခဲ့တာတွေက အသင်းသမိုင်းမှာ စွဲထင်ကျန်ရစ်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013