DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ရက် ၃၀ အပစ်ရပ်ရန် တနင်္လာနေ့ကစပြီး ယူကရိန်း အဆင်သင့်ဖြစ်ပြီ
DVB
·
May 11, 2025
ရုရှားနှင့် ရက် ၃၀ အပစ်ရပ်ရန် တနင်္လာနေ့ကစပြီး ယူကရိန်း အဆင်သင့်ဖြစ်ပြီ
Donate to DVB

ရုရှားနဲ့ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းအစိုးရဘက်က တနင်္လာနေ့ကစပြီး အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာ က မေ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းကို ထောက်ခံတဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် စီဘီဟာ က ဆိုရှယ်မီဒီယာ X မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ 

တာရှည်ခံ အပစ်အခတ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးဆီ လမ်းခင်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့အစောပိုင်းမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ယူကရိန်းကို အလည်အပတ် ရောက်နေတဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်း၊ ဂျာမန်အဓိပတိ ဖရဒ္ဒရစ်ချ် မားဇ်၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တက်စ်ခ်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့နဲ့ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ခေါင်းဆောင် ၅ ဦးဟာ ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကို အာရုံစိုက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းပြောရာမှာ ရလဒ်ကောင်းတွေရခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီနေ့မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဥရောပခေါင်းဆောင်တွေက အပစ်အခတ် ရပ်စဲရေးအဆိုပြုချက်ကို ရုရှားက လက်မခံရင် ဒဏ်ခတ်အရေးယူမယ်လို့ ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြိုတင်သတ်မှတ်ချက်မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ယူကရိန်းကမတုံ့ပြန်သေးဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ် က  အဲဒီနေ့မှာ ပြောပါတယ်။

ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားက ထည့်သွင်းစဉ်းစားမှာ ဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို အလေးထားတယ်လို့လည်း သူက ပြောပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုကို မေ ၁၅ ရက်မှာ ပြန်စဖို့ မော်စကိုမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က အဆိုပြုခဲ့ပြီး ဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့စေရေး ပံ့ပိုးကူညီဖို့ တူရကီသမ္မတ တေယစ် အာဒိုဂံနဲ့ မကြာမီ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013