
ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာက ဂိုးသွင်းအများဆုံးဆုတွေထက်ပိုပြီး အဓိပ္ပာယ်ရှိကြောင်း ဘိုင်ယန်မြူနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသွားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘ၀ သက်တမ်းတလျှောက် ပထမဆုံး ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာပါ။
ဆုဖလားကိုင်မြှောက်နိုင်ဖို့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုဖလားက တဦးချင်းအောင်မြင်မူတွေဖြစ်တဲ့ ဂိုးသွင်းအများဆုံးဆုတွေထက် ပိုအဓိပ္ပါယ်ရှိတယ်လို့ ဟယ်ရီကိန်းက ပြောပါတယ်။
ကစားသမားဘဝမှာ အသင်းလိုက် ဆုဖလားရယူနိုင်ဖို့ ပျက်ကွက်ခဲ့တာက လျို့ဝှက်စရာကိစ္စ မဟုတ်ကြောင်းလည်း ဟယ်ရီကိန်းက ပြောပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်နဲ့ ပထမဆုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ဒုတိယမြောက် ရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကိုပါ ထပ်မံရယူဖို့ အခြေအနေကောင်းနေပါတယ်။