
ပြည်တွင်းစက်သုံးဆီ တလီတာဈေးနှုန်း ကျပ် ၃,၀၀၀ အောက်ကို ဒီနေ့ ပြန်ကျဆင်းလာပါတယ်။
စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဓာတ်ဆီ တလီတာကို ၆၀ ကျပ်၊ ဒီဇယ် တလီတာကို ၇၅ ကျပ်အထိ အခုတပတ်မှာ လျှော့ချ သတ်မှတ်လိုက်တာပါ။
ဒီကနေ့ မေ ၉ ရက်မှာ အသစ်ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ၉၂ တလီတာကို ၂,၈၂၅ ကျပ်၊ ၉၅ တလီတာ ၂,၈၈၅ ကျပ်ရှိပြီး ဒီဇယ်တလီတာကို ၂,၄၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၉၈၀ ကျပ် အသီးသီး ရှိနေပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။
စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းတွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို စစ်ကောင်စီ ဗဟိုဘဏ်က မကြာခဏ ထုတ်ရောင်းချပေးလေ့ရှိပေမဲ့ ပြည်တွင်း စက်သုံးဆီဈေးတွေကတော့ တလီတာကို ကျပ် ၃,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်ပေါ်နေတာပါ။
မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေက စစ်တပ် အာဏာမသိမ်းခင်က တလီတာကို ၆၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တာဖြစ်လို့ အခုအခါ ၄ ဆကျော် ၅ ဆဝန်းကျင် ဈေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။