
ဂါဇာကမ်းမြောင်ဒေသမှာ စစ်တပ်ကို ကြာရှည်ထားရှိမဲ့ အစ္စရေးရဲ့ အစီအစဉ်ကို ဥရောပက စပိန်၊ အိုက်စလန်၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ နော်ဝေနဲ့ ဆလိုဗေးနီးယားနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ မေ ၇ ရက်က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာ စစ်ရေး စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်ဖို့နဲ့ အဲဒီမှာ စစ်တပ်ကို ကြာရှည်ထားရှိမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ အစ္စရေးရဲ့ ထုတ်ပြန်ချက်အပေါ် ဥရောပ ၆ နိုင်ငံရဲ့ “အလေးအနက်စိုးရိမ်မှု” ကို ပူးတွဲကြေညာချက်က ဖော်ပြပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ပဋိပက္ခအတွင်း အန္တရာယ်အသစ်တွေ တိုးမြင့်လာတဲ့ အမှတ်အသား ဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရမယ့် အလားအလာတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ပူးတွဲကြေညာချက်မှာ ဆိုထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေကို ပြောင်းရွှေ့စေရမယ့် ဘယ်လိုအစီအစဉ်ကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး အဲဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လိမ့်မှာ ဖြစ်ကြောင်းလည်း အလေးပေးထားပါတယ်။
အကူအညီလိုအပ်နေတဲ့ ဂါဇာရှိ အရပ်သားအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
Source: Reuters