DVB Logo
Home
မြန်မာသတင်း
RFA မြန်မာပိုင်းသတင်းဌာန အပြီးရပ်နားတော့မည်ဟု ကြေညာ
DVB
·
May 9, 2025
RFA မြန်မာပိုင်းသတင်းဌာန အပြီးရပ်နားတော့မည်ဟု ကြေညာ
Donate to DVB

နှစ်ပေါင်း ၃၀ နီးပါး မြန်မာပြည်အခြေအနေကို သတင်းထုတ်လွှင့် တင်ဆက်လာတဲ့ လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်းအစီအစဉ်ကို ထုတ်လွှင့်မှုတွေ အပြီးတိုင် ရပ်နားတော့မယ်လို့ ဒီကနေ့ မေ ၉ ရက်မှာ သတင်းဌာနက တရားဝင် ထုတ်ပြန် ကြေညာပါတယ်။

RFA ရဲ့ ရန်ပုံငွေ မသေချာ မရေရာမှုတွေကြောင့် မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှုတွေကို ရပ်နားထားရတော့မှာဖြစ်ကြောင်းနဲ့ RFA မြန်မာပိုင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ နားဆင်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း RFA Burmese ဌာနမှူး ဦးကျော်ကျော်အောင်က ထုတ်ပြန် ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက်ပိုင်း သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း သတင်းထုတ်လွှင့်မှုတွေ ယာယီရပ်နားပြီး အကန့်အသတ်နဲ့ ထုတ်လွှင့်ရာကနေ အပြီးတိုင် ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်အဆက်ဆက် မြန်မာနိုင်ငံတဝန်းက လူထုကို သတင်းတွေ ထုတ်လွှင့် တင်ဆက်ပေးနေတဲ့ သတင်းဌာနကြီးတခု ရပ်ဆိုင်းရတာဟာ သတင်းမီဒီယာလုပ်ငန်းနဲ့ စစ်အာဏာရှင်လက်အောက် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013