Home
အားကစား
ယူရိုပါလိဂ် ချန်ပီယံမဖြစ်ပါက ဘာမှအဓိပ္ပာယ်ရှိမည်မဟုတ်ဟု မန်ယူနည်းပြပြော
DVB
·
May 9, 2025
Photo: NICHE MEDIA

မန်ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ချန်ပီယံမဖြစ်ရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ စပိန်ကလပ် ဘီလ်ဘာအိုအသင်းကို ၂ ကျော့ပေါင်းရလဒ် ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။

ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံသာမဖြစ်ရင် အဓိပ္ပာယ်ရှိမှာမဟုတ်ကြောင်း နည်းပြအာမိုရင်က ပြောခဲ့တာပါ။

လာမယ့်ပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာ ရှိလာမှာကို စိုးရိမ်မိပြီး ဗိုလ်လုပွဲမှာ ကစားသမားအားလုံး ဒဏ်ရာအနာတရ ကင်းစင်နေဖို့အတွက် လိုအပ်ကြောင်း၊ ဗိုလ်လုပွဲမှာ အနိုင်မရခဲ့ရင် အသင်းအတွက် ဘာမှထူးခြားမှာမဟုတ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

စပါးနည်းပြ ပိုစ်တီကိုဂလူဟာလည်း မိမိလိုပဲ ခက်ခဲတဲ့အချိန်ကာလကို ရင်ဆိုင်နေရသူဖြစ်လို့ ဗိုလ်လုပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမှာဖြစ်ပြီး အနိုင်ရဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နည်းပြ အာမိုရင်က ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024