DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်မှုအခွန် သဘောတူညီချက် အမေရိကန်နှင့် ဗြိတိန် ကြေညာဖွယ်ရှိ
DVB
·
May 8, 2025
ကုန်သွယ်မှုအခွန် သဘောတူညီချက် အမေရိကန်နှင့် ဗြိတိန် ကြေညာဖွယ်ရှိ
Donate to DVB

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ပြည်ပကုန်တင်သွင်းမှုအခွန် လျော့ချတဲ့ သဘောတူညီချက်တခု ကြေညာမယ်လို့ မျှော်လင့်နေပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ပြီးခဲ့တဲ့လကစပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံတိုင်းကို အခွန်တိုးမြှင့်ကောက်ခံခဲ့တဲ့ အချိန်ကတည်းက ဗြိတိန်အစိုးရအဖွဲ့ ၂ နိုင်ငံ အခွန်လျှော့ချမှု သဘောတူညီမှုတခု ပြုလုပ်ဖို့ ကြိုးစားခဲ့တာပါ။

ထရမ့်ပ်ကလည်း ဗုဒ္ဓဟူးနေ့ညက ဒီသဘောတူညီမှုနဲ့ပတ်သက်ပြီး ရည်ညွှန်းတဲ့ပို့စ်တခု ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

“လာမယ့်နေ့ မနက် ၁၀ နာရီမှာ ကြီးမားတဲ့ သတင်းစာရှင်းလင်းပွဲ ရှိပါတယ်။ ဘဲဥပုံရုံးခန်းမှာ လုပ်မယ့် ဒီအစည်းဝေးမှာ လေးစားမှုထားရတဲ့ နိုင်ငံနဲ့ အဓိက ကုန်သွယ်မှုအကြောင်းကို ကိုယ်စားလှယ်တွေက ပြုလုပ်မှာပါ။ ဒါဟာ နိုင်ငံတွေထဲက ပထမဆုံးပါ” လို့ ထရမ့်ပ်က ပို့စ်တင်ထားပါတယ်။

အခွန်ကောက်မှုကို ရက် ၉၀ ရပ်တန့်ထားမှုမတိုင်မီ ဧပြီ ၂ ရက် ထရမ့်ပ်ရဲ့ ကြေညာချက်မှာ ဒါဇင်နဲ့ချီတဲ့ ကုန်သွယ်ဘက်နိုင်ငံတွေကို စည်းကြပ်ခွန် တိုးမြှင့်မယ့်အကြောင်း ပြောဆိုထားပါတယ်။

ကမ္ဘာ့ကုန်သွယ်မှုအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုရှိပြီး အဲဒီအထဲမှာ ဗြိတိန်ပါဝင်ပေမဲ့ အမေရိကန်နဲ့ ကာလရှည် မဟာမိတ်အဖြစ် ရှိနေပေမဲ့ ကုန်သွယ်မှုအခွန်တိုးမြှင့်မှုမှာ ဗြိတိန်လည်း ပါဝင်ပါတယ်။

အမေရိကန်ကို သွင်းတဲ့ သံ၊ အလူမီနီယံနဲ့ ကားတင်ပို့မှုတွေမှာ ဗြိတိန်နိုင်ငံကို ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်မှု သဘောတူညီချက်နိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ အစ္စရေးနိုင်ငံတို့လည်း ပါဝင်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ပါ ဆက်ပြီး ဆွေးနွေးသွားဖွယ် ရှိပါတယ်။

ထရမ့်ပ်က သူဟာ နိုင်ငံတွေကို စာချုပ်သစ်တွေချုပ်ဆိုဖို့ ဆန္ဒရှိနေပြီး ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပြန်လည်ပြောင်းလဲဖို့ ကြိုးစားမယ်လို့ ပြောထားပါတယ်။

ဒီတပတ်အတွင်းမှာလည်း ကမ္ဘာ့စီးပွားရေးအကောင်းဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး တရားဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013