
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံက ကြားဝင်ဖျန်ဖြေပေးတဲ့ အလဲအလှယ်အနေနဲ့ ရုရှားနဲ့ ယူကရိန်းတို့က စစ်သုံ့ပန်း ၂၀၅ ယောက်ကို လဲလှယ်ခဲ့တယ်လို့ နှစ်ဖက်စလုံးက မေ ၆ ရက်မှာ ပြောပါတယ်။
“ဒီနေ့ ယူကရိန်းက စစ်သည် ၂၀၅ ယောက်ကို ပြန်ခေါ်လာပါပြီ” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။ အကူအညီအတွက် UAE ကို ကျေးဇူးတင်တယ်လို့လည်း ဇလန်းစကီးက တယ်လီဂရမ်မှာ ရေးခဲ့ပါတယ်။
ပြန်ရောက်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်မှုထမ်း ၂၀၂ ယောက်၊ တပ်မတော်နဲ့ နိုင်ငံတော်အစောင့်တပ် အသီးသီးက အရာရှိ ၃ ယောက်တို့ ပါတယ်လို့ ယူကရိန်း စစ်သုံ့ပန်းရေးရာအဖွဲ့က ပြောပါတယ်။
အခုလဲလှယ်မှုဟာ ၂၀၂၅ ခုနှစ်မှာ ပဉ္စမအကြိမ်ဖြစ်ပြီး ၃၈ လကျော် ကြာမြင့်ခဲ့တဲ့ ယူကရိန်း စစ်ပွဲတခုလုံးအတွင်း ၆၄ ကြိမ်မြောက် ဖြစ်တယ်လို့လည်း ယူကရိန်း စစ်သုံ့ပန်းရေးရာအဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters