
အခုနှစ်ရာသီ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် အဆိုးရွားဆုံး ဘောလုံးရာသီ ဖြစ်လိမ့်မယ်လို့ နည်းပြ ရူဘင်အာမိုရင်က ဝန်ခံပြောသွားပါတယ်။
မန်ယူအသင်းဟာ ပွဲစဉ် ၃၅ အပြီးမှာ အဆင့် ၁၅ ရောက်ရှိနေပြီး လက်ကျန် ၃ ပွဲမှာ ရလဒ်မကောင်းခဲ့ရင် တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နဲ့ ရာသီသိမ်းဖို့ ရှိနေတာပါ။
နည်းပြအာမိုရင်ကတော့ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးရာသီဖြစ်မယ်လို့ ဝန်ခံသွားခဲ့ပြီး လက်ရှိအချိန်မှာ ဘာမှမတတ်နိုင်ကြောင်း ပြောပါတယ်။
မန်ယူအသင်းအနေနဲ့ ဥရောပဖလားရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နည်းပြ အာမိုရင်က မျှော်မှန်းထားပြီး ဘီလ်ဘာအိုနဲ့ ဒုတိယအကျော့ကို သတိထားကစားဖို့ လိုအပ်ကြောင်း ပြောပါတယ်။
မန်ယူအသင်းဟာ ပထမအကျော့မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနေပြီး စပါးအသင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
Photo:Reuters