DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-ပါကစ္စတန်အရေးကြောင့်  အိန္ဒိယရောက် မြန်မာနိုင်ငံသားများ သတိရှိရန် တိုက်တွန်း 
DVB
·
May 7, 2025
အိန္ဒိယ-ပါကစ္စတန်အရေးကြောင့်  အိန္ဒိယရောက် မြန်မာနိုင်ငံသားများ သတိရှိရန် တိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံသားတွေ ဘက်ပေါင်းစုံက အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို  အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက်  အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်ပြီး သတိနဲ့ နေထိုင်ကြဖို့ India for Myanmar အဖွဲ့က မေလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံနဲ့ စစ်ရေးအရ တင်းမာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အိန္ဒိယနိုင်ငံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားတွေရဲ့ အရေးကိစ္စတွေကို ဦးစားပေး အာရုံစိုက်နေရတဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိန္ဒိယ အစိုးရရဲ့ တာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဘယ်လုပ်ရပ်မျိုးကိုမဆို လုံးဝရှောင်ကြဉ်ဖို့နဲ့ နိုင်ငံရဲ့ဥပဒေတွေ၊ ဒေသန္တရစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ထုတ်ပြန်ချက်တွေကို အလေးထား လိုက်နာ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့  India for Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

အဲ့ဒီအပြင် မြန်မာနိုင်ငံသား အယောက် ၄၀ လောက်ရဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ထံ ပေးပို့ဖို့ စီစဉ်ထားတဲ့ စာပေးပို့မှုအစီအစဉ်ကိုလည်း အိန္ဒိယနိုင်ငံရဲ့ လက်ရှိ အခက်အခဲတွေအပေါ် စာနာစိတ်နဲ့ သင့်လျော်တဲ့ အချိန်ကာလတခုအထိ ရွှေ့ဆိုင်းထားမယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်းမှာ မလိုလားအပ်တဲ့ စိန်ခေါ်မှုတွေ ထပ်ဖြစ်လာနိုင်တဲ့အတွက် ရောက်ရှိနေထိုင်ရာ ဒေသတွေမှာ သတိရှိစွာ နေထိုင်ကြဖို့ကိုလည်း India for Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013