DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာထိုးစစ်မချဲ့မီ သောင်းချီသည့် အရန်တပ်များကို ဆင့်ခေါ်မိန့် ထုတ်ပြန်
DVB
·
May 5, 2025
အစ္စရေးက ဂါဇာထိုးစစ်မချဲ့မီ သောင်းချီသည့် အရန်တပ်များကို ဆင့်ခေါ်မိန့် ထုတ်ပြန်
Donate to DVB

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်ဖို့ ကြိုတင်ပြင်ဆင်မှုအဖြစ် သောင်းနဲ့ချီတဲ့ အရန်တပ်တွေကို ဆင့်ခေါ်တဲ့အမိန့် ထုတ်ပြန်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

အရန်တပ်သားအများစုဟာ မြေပြင်ထိုးစစ်ကို အားဖြည့်ဖို့ ဂါဇာကမ်းမြောင်ဒေသမှာ တပ်တွေကို ပြန်ချထားနိုင်ရေးအတွက် အစ္စရေးမြောက်ပိုင်းနဲ့ အနောက်ဘက်ကမ်းမှာ လက်ရှိ တပ်စွဲထားတဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေရဲ့ နေရာမှာ အစားထိုးမယ်လို့ သတင်းတွေက ဆိုပါတယ်။

သောကြာနေ့က လုံခြုံရေးဆိုင်ရာ အသေးစိတ် ရှင်းလင်းတင်ပြတဲ့ အစည်းအဝေးပွဲတခုအတွင်း IDF က ဂါဇာမှာ တိုးချဲ့စစ်ဆင်ရေး အစီအစဉ်တွေကို ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တင်ပြခဲ့ပါတယ်။

နေတန်ယာဟုက မီးစိမ်းပြထားပြီးသား အစီအစဉ်တွေကို တရားဝင်အတည်ပြုဖို့ တနင်္ဂနွေနေ့မှာ လုံခြုံရေးဝန်ကြီးအဖွဲ့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

မကြာမီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရင် ဟားမတ်စ်တွေကို ဖြိုခွင်းဖို့ ရည်ရွယ်တဲ့ အပြည့်အ၀ ချေမှုန်းရေး စတင်နိုင်တယ်လို့ အစ္စရေးအာဏာပိုင်တွေက တစိုက်မတ်မတ် သတိပေးထားပါတယ်။

ထိုးစစ်ရဲ့ ရှေ့လာမယ့်အဆင့်မှာ ဂါဇာကမ်းမြောင်ရဲ့ နောက်ထပ်နယ်မြေတွေမှာ IDF တွေရဲ့ လှုပ်ရှားမှု ပါလာမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013