
လီဗာပူးကို အနိုင်ယူခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လက်ကျန် ၃ ပွဲ အလိုမှာ အဆင့် ၆ က နော်တင်ဟမ်ထက် တပွဲပိုကစားပြီး ၃ မှတ် ဖြတ်ထားနိုင်ခဲ့တာပါ။
နော်တင်ဟမ်အသင်းက လက်ကျန်ပွဲမှာ အနိုင်ရမယ်ဆိုရင်လည်း ချဲလ်ဆီးအသင်းက ဂိုးကွာခြားချက် အသာရနေတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရရှိခဲ့တာပါ။
လီဗာပူးကို အနိုင်ရခဲ့တာက အရေးပါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက်တော့ မသေချာသေးတာကြောင့် လက်ကျန်ပွဲစဉ် ၃ ပွဲမှာ တပွဲချင်းစီ အာရုံစိုက်ပြီး ကစားသွားရမှာဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် အင်္ဂလန်အသင်း ၅ သင်း ဝင်ပြိုင်ခွင့်ရမှာဖြစ်ပြီး လက်ကျန် ၃ နေရာအတွက် မန်စီးတီး၊ နယူးကာဆယ်၊ ချဲလ်ဆီး၊ နော်တင်ဟမ်နဲ့ ဗီလာအသင်းတွေက အပြိုင်အဆိုင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။