
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝ သက်တမ်းတလျှောက် ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်နဲ့ ပထမဆုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ အခုနှစ် ဘောလုံးရာသီမှာတော့ ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
လက်ကျန် ၂ ပွဲအလိုမှာ ဒုတိယနေရာက လေဗာကူဆင်အသင်းက ဖရိုင်းဘတ်နဲ့ ၂ ဂိုးစီ သရေကျသွားခဲ့တာကြောင့် ၈ မှတ် ဖြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်မှာ ပထမဆုံးဆုဖလား ကိုင်မြှောက်နိုင်တော့မယ့် ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းဖော်ဟောင်း အဲရစ်ဒိုင်ယာနဲ့ ဘိုင်ယန်အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ပထမဆုံးဆုဖလားရဖို့အတွက် ၁၅ နှစ်ကြာ စောင့်ခဲ့ရပြီး ပွဲပေါင်း ၇၀၀ နီးပါး ကစားခဲ့ပြီးမှ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။