
လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာက ထိပ်တန်းကစားသမား တွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို နည်းပြအာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်ကျန် ၄ ပွဲအလိုမှာ ရယူနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဖြစ်လာခဲ့တာပါ။
ချန်ပီယံဆုရခဲ့တာက စိတ်ဓာတ်လှုံ့ဆော်မှု ရရှိစေသလို ဒီလို ချန်ပီယံအတွေ့အကြုံတွေက နှစ်သက်စရာ ကောင်းတာကြောင့် နောက်ထပ် ရယူသွားဖို့လည်း ဆန္ဒရှိကြောင်း နည်းပြစလော့က ပြောပါတယ်။
ဒါ့အပြင် ဆုဖလားရယူနိုင်ခဲ့တာက ကစားသမားကောင်းတွေခေါ်ယူဖို့အတွက်လည်း အကူအညီရရှိစေမှာဖြစ်ပြီး ထိပ်တန်းအသင်းကောင်းတွေ အများကြီးထဲကနေ လီဗာပူးအသင်းက ရွေးချယ်စရာ တခုဖြစ်လာမယ်လို့ နည်းပြအာနဲစလော့က သုံးသပ်သွားပါတယ်။