DVB Logo
Home
အားကစား
နှစ်ပေါင်း ၄၀ ကျော်အတွင်း  ပထမဆုံးအကြိမ် ဥရောပဖလားရရန် စပါးအသင်း မျှော်လင့်
DVB
·
May 2, 2025
နှစ်ပေါင်း ၄၀ ကျော်အတွင်း  ပထမဆုံးအကြိမ် ဥရောပဖလားရရန် စပါးအသင်း မျှော်လင့်
Donate to DVB

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားရရှိဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

နော်ဝေကလပ် ဘိုဒိုဂလစ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပါးအသင်းဟာ ဒုတိယအကျော့ ကျန်သေးပေမဲ့ ဗိုလ်လုပွဲတက်ဖို့ အခွင့်အလမ်း ကောင်းသွားခဲ့တာပါ။

စပါးအသင်းအနေနဲ့ အဝေးကွင်းမှာ မြက်ခင်းတုကွင်းအတွင်း ကစားခဲ့ရပေမဲ့ အနိုင်ရလဒ် ရရှိခဲ့တဲ့ အတွက် ဝမ်းမြောက်မိပြီး ယူရိုပါလိဂ်မှာ အခြေအနေဆိုးတွေကို ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ကြောင်း နည်းပြ ပိုစ်တီကိုဂလူက ပြောပါတယ်။

သူဟာ ပရီးမီးယားလိဂ်က ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရဖို့ နီးစပ်နေသူဖြစ်ပြီး ယူရိုပါလိဂ် ဖလားသာ ရယူနိုင်မယ်ဆိုရင် အသင်းမှာ ဆက်ရှိသွားဖို့ ရှိပါတယ်။

စပါးအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် မန်ယူအသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ၁၉၈၃-၈၄ ရာသီမှာ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013