DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတဟောင်း ယွန်း၏နေအိမ်အနီး ရဲလုံခြုံရေးတင်းကျပ်ထား
DVB
·
May 1, 2025
တောင်ကိုရီးယားသမ္မတဟောင်း ယွန်း၏နေအိမ်အနီး ရဲလုံခြုံရေးတင်းကျပ်ထား
Donate to DVB

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ ဆိုးလ်မြို့ရှိ နေအိမ်ကို အစိုးရရှေ့နေတွေက ရှာဖွေရေး လုပ်ဆောင်နေကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် ဧပြီ ၃၀ ရက်မှာ သူ့ရဲ့ နေအိမ်အနီး ရဲတွေက လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

ဘာသာရေးပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတဲ့ ဩဇာလွှမ်းမိုး ခြယ်လှယ်မှုကိစ္စမှာ အရင်သမ္မတဟောင်းနဲ့ ဇနီးဖြစ်သူ ဂင်မ်ဂွန်းဟီတို့နဲ့ ပတ်သက်ဆက်နွှယ်မှုရှိကြောင်း ညွှန်ပြနေတဲ့ စာရွက်စာတမ်းတွေနဲ့ သက်သေပစ္စည်းတွေကို အစိုးရရှေ့နေတွေက ရှာဖွေခဲ့ကြကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းမှာ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ခြံဝင်းထဲကို ဝင်ရောက်သွားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ယွန်ဟပ်သတင်းက ဆိုပါတယ်။

ဒီအမှုကို ကိုင်တွယ်နေတဲ့ ဆိုးလ်တောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ဆက်သွယ်လို့မရပါဘူး။

သမ္မတဟောင်း ယွန်းဟာ မနှစ်နှောင်းပိုင်း စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းမှုကြောင့် ဧပြီ ၄ ရက်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။

ဒီဇင်ဘာ ၁၄ ရက်မှာ ပါလီမန်က စွပ်စွဲပြစ်တင်ခံရပြီးနောက်မှာ သမ္မတအိမ်တော်ကို ရှာဖွေချင်နေတဲ့ စုံစမ်းရေးမှူးတွေရဲ့ ကြိုးပမ်းမှုကို သမ္မတဟောင်းယွန်းက လုံခြုံရေးနဲ့ လျှို့ဝှက်ပစ္စည်းများ ကာကွယ်ခြင်းဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ငြင်းဆန်ခဲ့ပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးဟာ ဧပြီ ၁၁ ရက်မှာတော့ သူ့ရဲ့ကိုယ်ပိုင်နေအိမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013