DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် အစိုးရတက်ပြီး ပထမ ရက် ၁၀၀ အတွင်း တရားစွဲဆိုမှု ၂၀၀ ကျော်ကို ရင်ဆိုင်နေရ
DVB
·
May 1, 2025
ထရမ့်ပ် အစိုးရတက်ပြီး ပထမ ရက် ၁၀၀ အတွင်း တရားစွဲဆိုမှု ၂၀၀ ကျော်ကို ရင်ဆိုင်နေရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ပထမဆုံး ရက်ပေါင်း ၁၀၀  အတွင်း သဘောထားကွဲလွဲတဲ့ မူဝါဒတွေကြောင့် ဒေါ်နယ်ထရမ့်ပ် အစိုးရက တရားစွဲဆိုမှု ၂၀၀ ကျော်ကို ရင်ဆိုင်နေရပါတယ်။

ဧပြီ ၂၉ ရက်ဟာ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း ရက် ၁၀၀ ပြည့်နေ့ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ကတိတွေနဲ့ နှိုင်းယှဉ်ရင် သမ္မတတယောက်ရဲ့ တိုးတက်မှုကို အကဲဖြတ်ဖို့ အစဉ်အလာ မှတ်တိုင်တရပ်ပါ။

ဖရိုဖရဲဖြစ်ပြီး ပထမရက် ၁၀၀ အတွင်း ထရမ့်ပ်ဟာ စည်းကြပ်ခွန်တွေ စည်းကြပ်ဖို့၊ ရွှေ့ပြောင်း နေထိုင်သူတွေကို မူရင်းနိုင်ငံဆီ ပြန်ပို့ဖို့၊ ဖယ်ဒရယ်အစိုးရ ဝန်ထမ်းတွေကို ရာထူးကနေ ထုတ်ပယ်ဖို့၊ အစိုးရအေဂျင်စီ အများအပြားကို ပိတ်ပစ်ဖို့ မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။

အမေရိကန်မှာ ထရမ့်ပ်အုပ်ချုပ်ရေး သက်တမ်းအစတည်းက အခုအချိန်အထိ အခွန်အခတွေ၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒ၊ ပညာရေးနဲ့ အေဂျင်စီရာထူးကနေ နုတ်ထွက်မှုတွေနဲ့ စပ်လျဉ်းတဲ့ တရားစွဲမှု ၂၀၀ ကျော် ရှိတယ်လို့ သတင်းစိစစ်မှု လွတ်လပ်ပြီး ဘက်မလိုက်တဲ့၊ ဒစ်ဂျစ်တယ်ဥပဒေနဲ့ မူဝါဒရေးရာဂျာနယ်ဖြစ်တဲ့ Just Security က ပြောပါတယ်။

အထူးသဖြင့်၊ အုပ်ချုပ်ရေးယန္တရားရဲ့ အကောက်ခွန်မူဝါဒတွေကို ဆန့်ကျင်တဲ့ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေ ကြီးထွားလာနေပါတယ်။

ဧပြီ ၁၄ ရက်မှာ အမေရိကန် အသေးစားစီးပွားရေးလုပ်ငန်း အများအပြားဟာ အခွန်စည်းကြပ်မှု မူဝါဒကြောင့် အမေရိကန်အစိုးရကို ပူးတွဲ တရားစွဲဆိုခဲ့ပါတယ်။

ဒါ့အပြင်၊ ကယ်လီဖိုးနီးယား အပါအဝင် ပြည်နယ် ၁၂ ခုက ဖက်ဒရယ်အစိုးရကို တရားမ၀င် အပြန်အလှန် အခွန်စည်းကြပ်မှု ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်မှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ဆက်တိုက် ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ လူထုရဲ့ မကျေနပ်မှုတွေကို ကြီးထွားလာစေခဲ့ပါတယ်။

ဧပြီလတလတည်းမှာ အမေရိကန်တဝန်း ဆန္ဒပြပွဲပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ပြည်နယ် ၅၀ လုံးကို လွှမ်းခြုံခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013