
ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယူးနစ်မြို့ရှိ အယ်လ်မာဝါစီ ဒုက္ခသည်စခန်းဟာ ဧပြီ ၃၀ ရက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား နိုင်ငံတော်နှစ်ရပ် ဖြေရှင်းချက် အကောင်အထည်ဖော်ရေး နောက်ကြောင်းမပြန်နိုင်အောင် အရေးယူဆောင်ရွက်ကြဖို့ နိုင်ငံတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းအားပေးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုရဲ့ အလင်းရောင်ကြောင့် အယ်လ်မာဝါစီ စခန်းထဲက တဲတွေကို ဗီဒီယိုထဲမှာ မြင်နေရပါတယ်။ ဇန်နဝါရီလ အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးတဲ့နောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ မတ် ၁၈ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။
နယ်မြေအတွင်း ကျန်နေသေးတဲ့ ဓားစာခံတွေ လွတ်လာတဲ့အထိ ဟားမတ်စ်ကို ဆက်ပြီး ဖိအားပေးသွားမယ်လို့လည်း ပြောပါတယ်။
ဟားမတ်စ်တွေ ဖမ်းသွားတဲ့ အစ္စရေးဓားစာခံ ၂၄ ယောက်အထိ အသက်ရှင်နေသေးတယ်လို့လည်း ယူဆထားပါတယ်။
ဟားမတ်စ်တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက်ကို ဂါဇာဆီ ခေါ်သွားခံရတယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။
အဲဒီနောက် အစ္စရေးရဲ့ ထိုးစစ်ကြောင့် လူပေါင်း ၅၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
Source: Reuters