DVB Logo
Home
မြန်မာသတင်း
ကျွန်းစုတွင် စက်လှေများ ဆန်အိတ်အကန့်အသတ်ဖြင့်သာ တင်ဆောင်ခွင့်ရ
DVB
·
April 29, 2025
ကျွန်းစုတွင် စက်လှေများ ဆန်အိတ်အကန့်အသတ်ဖြင့်သာ တင်ဆောင်ခွင့်ရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စက်လှေတွေကို စစ်ကောင်စီက ဆန်အိတ် ၅၀ ထက် ပိုတင်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိခဲ့ရင် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွေမှာ ဧပြီ ပထမအပတ်လောက်ကစပြီးတော့  ဆန်အိတ် တင်ဆောင်လာတဲ့ စက်လှေတွေကို စစ်ဆေးတင်းကျပ်မှုတွေ လုပ်ဆောင်လာတာ တွေ့ရတယ်လို့ ကံမော်ကျေးရွာအုပ်စုရှိ အမျိုးသမီးတယောက်က ပြောပါတယ်။

“ကံမော်ရွာမှာတော့ တံတားမှာ ပြည်သူ့စစ်တွေ စောင့်နေတယ်။ လှေတွေကို တံတားကလွဲပြီး တခြားမှာ ကမ်းကပ်လို့မရဘူး။ မြိတ်ကို တက်ဆင်းလုပ်တဲ့ စက်လှေတွေကိုဆို ကံမော်ကျေးရွာဘက်မှာ စစ်တယ်။ ဆန်အိတ် ၅၀ ထက် ပိုမတင်ခိုင်းဘူး။”

အခုနှစ် မတ်လလောက်ကစပြီး ကျွန်းစုမြို့နယ်ရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ပူးပေါင်းကာ စစ်သင်္ဘောတွေအပြင် စက်လှေငယ်တွေနဲ့အတူ လှုပ်ရှားသွားလာနေပြီး ကျေးရွာတွေထဲကိုလည်း စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ဧပြီ ၅ ရက်က ကျွန်းစုမြို့နယ် မဲတောကျေးရွာက ဆန်အိတ်တင်ဆောင်လာတဲ့ စက်လှေတစီးကို ချောင်းကြီးဝရွာဘက်မှာ စစ်ကောင်စီရေတပ်က ထိန်းသိမ်းလိုက်ပြီးတော့ လှေပိုင်ရှင်ဖြစ်သူကို PDF တပ်ဖွဲ့တွေဆီ ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ကာ နောက် ၂ ရက်အကြာမှာ လှေပိုင်ရှင် ပြန်လွတ်လာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်‌ကောင်စီဘက်က လှုပ်ရှားသွားလာမှု ပိုလုပ်လာတာကြောင့် ခရီးသွားပြည်သူတွေ ည ၆ နာရီမှ မနက် ၆ နာရီအထိ တတ်နိုင်သမျှ ခရီးမသွားလာကြဖို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013