DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအတွက် မလေးရှားနိုင်ငံက ယာယီအခမဲ့ဆေးရုံ  ဖွင့်လှစ်
DVB
·
April 26, 2025
စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအတွက် မလေးရှားနိုင်ငံက ယာယီအခမဲ့ဆေးရုံ  ဖွင့်လှစ်
Donate to DVB

အင်အားပြင်း ငလျင်ဘေးကြောင့် တမြို့လုံးနီးပါး အကြီးအကျယ်ထိခိုက် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ မလေးရှားနိုင်ငံရဲ့ ယာယီအခမဲ့ ဆေးရုံကို ဖွင့်လှစ်ပေးထားတယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ထုတ်ပြန်ထားပါတယ်။

ယာယီအခမဲ့ဆေးရုံကို စစ်ကိုင်းမြို့ ပါရမီရပ်ကွက်မှာရှိတဲ့ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ် အားကစားကွင်းမှာ ဖွင့်လှစ်ထားတာဖြစ်စပြီး အများပြည်သူတွေအနေနဲ့ သောကြာနေ့ကလွဲလို့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်း အခမဲ့ လာရောက် ဆေးကုသမှုခံယူနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

ဒီဆေးရုံမှာ သားဖွားနဲ့ မီးယပ်၊ ဖျားနာ၊ ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာရေး၊ သွားနဲ့ ခံတွင်း၊ နား- နှာခေါင်း- လည်ချောင်းနဲ့ မျက်စိရောဂါ ဝေဒနာတွေကို အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာငလျင်ဘေးဖြစ်ဖြစ်ချင်း အရင်ဆုံးလာရောက်ကူညီပေးခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်ကိုင်းမြို့က  ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးအပိုင်းမှာ  မလေးရှားကယ်ဆယ်ရေးအဖွဲ့ (SMART) က အင်တိုက်အားတိုက် လာရောက်လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ ငလျင်ဒဏ်ခံစားနေရတဲ့အချိန်မှာ မလေးရှားနိုင်ငံအစိုးရအနေနဲ့ လူသားချင်းစာနာမှုကို ထောက်ထားပြီးတော့ သူ့နိုင်ငံမှာရောက်နေတဲ့ တရားမဝင် လုပ်သားတွေကို ဖမ်းဆီးတဲ့ စီမံချက် အော်ပရာစီ ခေတ္တရပ်နားထားတယ်လို့ ကြေညာပါတယ်။

မလေးရှားနိုင်ငံမှ မြန်မာပြည်တွင်းကို ဧပြီ ၄ရက်မှ ဧပြီ ၃၀ ရက်ထိ အခမဲ့ ငွေလွဲနိုင်အောင်လည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013